26 C
Yangon

ထိုင်းရောက် မြန်မာအလုပ်သမားများ အခွန်ဆောင်ပြီးကြောင်း လက်မှတ်တင်ပြ၍ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ဟု စစ်ကောင်စီသံရုံးက ကြေညာ၊ စစ်တပ်က အခွန်ရရန် နည်းလမ်း အမျိုးမျိုးသုံးနေ

Must read

ထိုင်းရောက် မြန်မာအလုပ်သမားများ အခွန်ဆောင်ပြီးကြောင်း လက်မှတ်တင်ပြ၍ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်နိုင်ဟု စစ်ကောင်စီသံရုံးက ကြေညာ၊ စစ်တပ်က အခွန်ရရန် နည်းလမ်း အမျိုးမျိုးသုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ထိုင်းနိုင်ငံတွင် ရောက်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခွန်ဆောင်ပြီးမှသာ နိုင်ငံသားဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်ဟု အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ထုတ်ပြန် ကြေညာသည်။

အခွန်ထမ်းဆောင်းပြီးကြောင်း လက်မှတ်များ တင်ပြခြင်းဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံ သားဆိုင်ရာလုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးမည်ဟု အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာသံရုံးက ကြေညာခြင်းသည် မြန်မာအလုပ်သမားများအပေါ် စေတနာရှိ၍ လုပ်ဆောင်ပေးခြင်းမဟုတ်ဘဲ အခွန်ငွေရလိုခြင်းနှင့် အချက်အလက်များစုဆောင်းလိုခြင်းကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“စေတနာကောင်းနဲ့ မှတ်ပုံတင်လုပ်ပေးချင်တာမဟုတ်ဘူး။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်ရအောင် သံရုံးကို ဝင်လာတာနဲ့ စာရွက်စာတန်းနဲ့ အခွန်ပါတစ်ခါတည်းရအောင် သူ့ကြေညာချက်ထဲပါပြီးသား အခွန်ဆောင်ပြီးတဲ လူတွေပဲ လုပ်မှာ။ မဆောင်ရသေးလည်း ဆောင်ခိုင်းမှာ။ မှတ်ပုံတင်လာလုပ်တာနဲ့ အဓိက အခွန်ငွေရဖို့ပဲ”ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိထိုင်းနိုင်ငံတွင် နေထိုင်ခွင့် သက်တမ်းတိုးခြင်း ၊ ဘတ်အသစ်ရိုက်ခြင်းများအတွက် မြန်မာမှတ်ပုံတင် အသုံးပြုစရာ မလိုအပ်ဘဲ ထိုင်းအစိုးရဘက်က လုပ်ငန်းစဉ်နှင့်သာ လုပ်ဆောင်နိုင်ကြောင်း ၊ မှတ်ပုံတင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလုပ် သမား ပန်းရောင်ဘတ်ထုတ်ပေးကြောင်း အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

စစ်ကောင်စီမြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား မိဘများအနေဖြင့် သားသမီးများကို အိမ်ထောင်စုလူဦးရေစာရင်းနှင် နိုင်ငံသားကိုယ်ရေးမှတ်တမ်းထည့်သွင်းခြင်းလုပ်ဆောင်လိုပါက လိုအပ်ချက်များတွင် မိဘ ၂ ပါးလုံး အခွန်ထမ်းအထောက်အထားမူရင်၊ မိတ္တူ တင်ပြ၍ လုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများ၏ သားသမီးများအတွက် အသက် ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့်မှတ်ပုံတင်လျှောက်ထားရန်မိဘ/ကာယကံရှင်၏အခွန်ထမ်းဆောင်ပြီးကြောင်း ပြေစာမိတ္တူနှင့် ထောက်ခံချက်များပါ လိုအပ်ချက်အဖြစ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၁၀ နှစ်ပြည့်မှ ၁၈ နှစ်ပြည့်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ရာတွင် လည်းကောင်း၊ မှတ်ပုံတင် ပျောက်ဆုံး ပျက်စီး ဟောင်းနွမ်းမှုများအတွက် မိတ္တူထုတ်ပေးခြင်းများလုပ်ဆောင်ပေးရာတွင်လည်းကောင်း မိဘ/ကာယကံရှင် ၏ အခွန် ထမ်းဆောင်ပြီးကြောင်းပြေစာမိတ္တူနှင့် မြန်မာသံရုံး၏ထောက်ခံချက်ကိုပါ လိုအပ်ချက်များအဖြစ် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာသံရုံးက ကြေညာထားသည်။

ဓာတ်ပုံ- ဘန်ကောက်ရှိ စစ်ကောင်စီ မြန်မာသံရုံး။

Photo- EPA ။

epaselect epa08716785 Myanmar citizens in Thailand queue outside the Myanmar Embassy to cast their vote in the general elections from Bangkok, Thailand, 03 October 2020. Myanmar citizens living in Thailand who registered to vote can do so at the embassy in Bangkok as well as the consulate in Chiang Mai from 03 to 13 October. Myanmar is scheduled to hold its general elections on 08 November 2020. EPA-EFE/DIEGO AZUBEL
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article