21 C
Yangon

ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ ၃ ကြိမ် တိုက်ခိုက်ခံရပြီး ရဲ ၄ ဦးနှင့် စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ မြောင်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝမ်းတွင်း တော်လှန်ရေး အင်အားစုက မေလ ၇ ရက်၊ ၁၂ ရက်နှင့် ၂၁ ရက်များတွင် ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ရဲ ၄ ဦးနှင့် စစ်သား ၁ ဦးသေဆ့ုးကာ ၆ ဦး ဒဏ်ရာရကြောင်း Wundwin Township Revolution Force ထံမှ သတင်းရရှိသည်။

မေလ ၇ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဝမ်းတွင်း-မိတ္ထီလာကားလမ်းပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များ လုံခြံရေးယူထားသော စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း၊ မေလ ၁၂ ရက် ည ၇ နာရီခန့်တွင် လိပ်တက်ရွာ အနောက်ဘက် တံတား၌ အကြမ်းဖက်စစ်ကောင်စီကား ၁ စီးကို မိုင်းခွဲတိုက်ခိုက်ရာ တပ်ကြပ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း၊ မေလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရကြောင်း၊ လက်ထိပ်နှင့် ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရမိခဲ့ကြောင်း Wundwin Township Revolution Force ထံမှ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ဖူးကုန်းမှ ဖွားစောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း CDSOM က သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းမှာ အမျိုးသမီးစစ်သည်တောင်တပ်ရင်း (မြောင်) M2W က ထုတ်လုပ်ထားသည့် မိုင်းဖြစ်ကြောင်း၊ CDSOM၊ M2W၊ ပြည်သူ့တပ်မတော် (မြောင်) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၈ ရက်မှ စတင်ကာ မြောင်မြို့နယ် ကျေးရွာများကို လှည့်လည် မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာပေါင်း ၁၈ ရွာမှ နေအိမ် ၃၉၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – ဝမ်းတွင်းတော်လှန်ရေးအင်အားစုမှ သိမ်းဆည်းရမိသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၏ အသုံးအဆောင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article