33 C
Yangon

မြ၀တီတွင် ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်လော်ဘီ၊ အမျိုးသားရေးအစွန်းရောက် သူရိန်မင်းထွန်း က ဦးဆောင် လှုံ့ဆော်နေ၊ ကျားဖြန့်များကို အကာအကွယ်ပေးနေသည့် BGF များက ပြည်သူအယောင် ဆောင်၍ ပါဝင်ဆန္ဒပြ

Must read

မြ၀တီတွင် ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်လော်ဘီ၊ အမျိုးသားရေးအစွန်းရောက် သူရိန်မင်းထွန်း က ဦးဆောင် လှုံ့ဆော်နေ၊ ကျားဖြန့်များကို အကာအကွယ်ပေးနေသည့် BGF များက ပြည်သူအယောင် ဆောင်၍ ပါဝင်ဆန္ဒပြ

🟥 ကျားဖြန့် နှိမ်နင်းရေးကို လမ်းကြောင်းလွှဲပြီး ထိုင်းနှင့်မြန်မာ ပဋိပက္ခ ပုံစံဖြစ်လာစေရေး အဓိက သွေးထိုးလှုံ့ဆော်နေ၍ သတိပြုရန် အရေးကြီးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ မြ၀တီတွင် ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များကို သပိတ် မှောက်ရေး ဦးဆောင်လုပ်ကိုင်နေသူမှာ စစ်လော်ဘီ၊ အမျိုးသားရေးအစွန် းရောက် သူရိန်မင်းထွန်းဖြစ်ကြောင်း မြ၀တီမြို့မှ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ မြ၀တီဘက်သို့ စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်မှုအတွက် မြ၀တီမြို့မှ ပြည်သူများဟု အမည်ခံကာ သူရိန်မင်းထွန်း၊ BGF စစ်သားများ ဦး ဆောင် ၍ ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များ ဆန့်ကျင်ရေး၊ ထိုင်း-မြန်မာနယ် စပ်ဂိတ်များ ပိတ်သိမ်းရေး ဆန္ဒပြနေကြောင်း သိရှိရသည်။

” သူရိန်မင်းထွန်းဆိုတာ မဘသ၊ အမျိုးသားရေးလုပ်တဲ့သူလို့ နာမည်ကြီးတယ်။ စစ်တပ်ထောက်ခံသူ။ သူကိုယ်တိုင်လည်း စစ်ကောင်စီထောက်ခံပွဲတွေ တက်ပြီး တရားဟောတယ်။ မြ၀တီမှာ BGF ခေါင်းဆောင်တွေနဲ့ အရမ်းတွဲနေတဲ့သူ။ အခုလည်း မြ၀တီကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်လို့ ဆန္ဒပြဖို့ သူဦးဆောင်တာ။ မြ၀တီပြည်သူတွေလို့ သူက နာမည်တပ်နေတာ။ တကယ်တော့ BGF နဲ့ သူတို့ မဘသတွေပဲ။ အခုက တော့ ထိုင်းဆန့်ကျင်ရေး ပုံစံဖြစ်အောင် နိုင်ငံရေး တိုက်ကွက်ဖော်နေတယ်။ အဲဒါက ထိုင်းမှာ ရှိနေတဲ့ မြန်မာတွေအတွက် ထိုင်းအစိုးရက စိတ်ဆိုးပြီး ပြန်ပို့လာအောင် လုပ်တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် နိုင်ငံရေးတိုက်ကွက်ပါပဲ” ဟု မြ၀တီ အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ထိုင်းနိုင်ငံက ကျားဖြန့် နှိမ်နင်းရေးအတွက် လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်မှုကြောင့် မြ၀တီမြို့ နေ ပြည်သူများ ထိခိုက်သည်မှာ မှန်ကန်သော် လည်း BGF က ယင်းအခြေအနေကို အသုံးချကာ ပြည်သူများက ၎င်းတို့ဘက်မှ ရပ်တည်သယောင်ယောင် နိုင်ငံရေး အမြတ်ထုတ်ကာ ထိုင်းအစိုးရဆန့်ကျင်ရေးနှင့် ထိုင်းကုန်စည်များ သပိတ်မှောက်ရေး လှုံ့ဆော်လာကြောင်း သိရှိရသည်။

“မီးဖြတ် လောင်စာဆီ ဖြတ်တော့ ဒုက္ခရောက်တာတော့မှန်တယ်။ ဒါက တစ် ပိုင်းပေါ့။ ဒါပေမယ့် ပြည်သူတွေက BGF ကို ထောက်ခံနေတာမဟုတ်ဘူး။ အခု လုပ်တဲ့အပေါက်က မီးဖြတ်ရေဖြတ်တာတွေ ဖြစ်လာတာက BGF တွေက စစ်ကောင်စီနဲ့ ပေါင်းပြီး ကျားဖြန့် ဂိုဏ်းတွေ လက်ခံလို့ ဖြစ်လာမှန်း ပြည်သူတွေ သိတယ်။ အဲဒါကြောင့် ပြည်သူတွေက BGF ကို ဆဲနေကြတာ။ အဲဒါကို BGF က မီးဖြတ် ဆီဖြတ်လို့ ပြည်သူတွေ နစ်နာလို့ သူတို့က ပြည်သူ့ဘက်က ရပ် တည်သလို အပေါက်ချိုးနေတာ။ တကယ်တမ်း ပြည်သူ နစ်နာတာထက် ပိုပြီး နစ်နာနေတာက BGF တွေ။ အဲဒါကို ရောချနေတာ။ နှစ်နိုင်ငံ ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာ။ ကျားဖြန့်နှိမ်နင်းရေးကို နိုင်ငံရေး တိုက်ကွက်ဖော်နေတာ” ဟု မြ၀တီမြို့မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိ BGF က ထိုင်းအစိုးရနှင့် ထိုင်းကုန်စည် ဆန့်ကျင်ရေး သပိတ်မှောက်ရေး လှုံ့ဆော်မှုကြောင့် ထိုင်းနှင့်မြန်မာအကြား တင်းမာ မှုများဖြစ်ပွားပြီး ထိုင်းနိုင်ငံရောက် တော်လှန်ရေးသမားများ၊ တော်လှန်ရေးထောက်ပို့များ အနေ အထိုင် ကျပ်တည်းကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည့် အခြေအနေများ ကြုံလာနိုင်ကြောင်း၊ ယင်းသို့သော အခြေအနေဖြစ်စေရန်လည်း BGF နှင့် စစ်လော်ဘီများက ဖန်တီးနေကြောင်း မြ၀တီအခြေစိုက် ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article