30 C
Yangon

မြ၀တီတွင် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်လော်ဘီ၊ မဘသ သူရိန်မင်းထွန်း ဦးဆောင်သည့်ဆန္ဒပြပွဲ လူ ၃၀၀၀ တက်မည်ဟု ကြေညာခဲ့သော် လည်း ဆန္ဒပြသူ လူဦးရေ ၅၀ မျှပင် မပြည့်

Must read

မြ၀တီတွင် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်လော်ဘီ၊ မဘသ သူရိန်မင်းထွန်း ဦးဆောင်သည့်ဆန္ဒပြပွဲ လူ ၃၀၀၀ တက်မည်ဟု ကြေညာခဲ့သော် လည်း ဆန္ဒပြသူ လူဦးရေ ၅၀ မျှပင် မပြည့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ မြ၀တီတွင် ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များကို သပိတ် မှောက် ရေး စစ်လော်ဘီ၊ မဘသ သူရိန်မင်းထွန်း ဦးဆောင်သည့်ဆန္ဒပြပွဲသို့ လူ ၃၀၀၀ တက်မည်ဟု လျှောက်လွှာတွင် တင်ပြခဲ့သော်လည်း ဆန္ဒပြသူ ၅၀ မျှပင် မပြည့်ဘဲ စစ်တပ်လက်အောက်ခံ BGF များက အရပ်ဝတ်ဖြင့် ပါဝင်ခဲ့ကြောင်း မြ၀တီဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင် မြ၀တီမြို့တွင် ထိုင်းအစိုးရနှင့် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်လော်ဘီ၊ အမျိုး သားရေးအစွန်းရောက် သူရိန်မင်းထွန်းက ဦးဆောင်ခဲ့ပြီး လူဦးရေမှာ ၃၀ နှင့် ၅၀ အကြားသာ ရှိကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ မြ၀တီဘက်သို့ စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်မှုအ တွက် မြ၀တီ မြို့မှ ပြည်သူများဟု အမည်ခံကာ သူရိန်မင်းထွန်းက တာဝန်ခံလျှောက် ထား ဆန္ဒပြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆန္ဒပြသူက အလံကိုင် လူစုလေး တစ်စု။ ဆီဆိုင်မှာ လူတိုးတာကမှ လူများဦးမယ်။ ဆန္ဒပြလူအုပ်ဆိုလို့ ကြည့်လိုက်တာ လူ ၃၀ လောက် အလွန်ဆုံး ၅၀ ပေါ့။ အဲဒီအထဲမှာ ကိုယ်သိနေတဲ့ BGF ရဲဘော်တွေက အရပ်ဝတ်တွေနဲ့ နောက်လိုက်နေတာ တွေ့တယ်” ဟု မြ၀တီမြို့ခံတစ်ဦးက ဆိုသည်။

လူဦးရေ ၅၀ ခန့်ပါဝင်သော ဆန္ဒပြလူစုက မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် -၁ နှင့် အမှတ်-၂ တံတား ထိပ်အနီး ယနေ့ လှည့်လည်ကြွေးကြော်ခဲ့ကြသည်။

ထိုင်းအစိုးရက မြ၀တီမြို့နယ်အတွင်း အခြေစိုက်နေသည့် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ လျှပ်စစ်မီးနှင့် လောင်စာဆီများကို စတင်ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံက ကျားဖြန့် နှိမ်နင်းရေးအတွက် လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်မှုကြောင့် မြ၀တီမြို့ နေ ပြည်သူများ ထိခိုက်သည်မှာ မှန်ကန်သော် လည်း BGF က ယင်းအခြေအနေကို အသုံးချကာ ပြည်သူများက ၎င်းတို့ဘက်မှ ရပ်တည်သယောင်ယောင် နိုင်ငံရေး အမြတ်ထုတ်ကာ ထိုင်းအစိုးရဆန့်ကျင်ရေးနှင့် ထိုင်းကုန်စည်များ သပိတ်မှောက်ရေး လှုံ့ဆော်လာကြောင်း မြ၀တီမြို့မှ ပြည်သူများက သုံးသပ်ပြောဆိုကြသည်။

လက်ရှိ BGF က ထိုင်းအစိုးရနှင့် ထိုင်းကုန်စည် ဆန့်ကျင်ရေး သပိတ်မှောက်ရေး လှုံ့ဆော်မှုကြောင့် ထိုင်းနှင့်မြန်မာအကြား တင်းမာမှုများဖြစ်ပွားပြီး ထိုင်းနိုင်ငံရောက် တော်လှန်ရေးသမားများ၊ တော်လှန်ရေးထောက်ပို့များ အနေအထိုင်ကျပ်တည်းကာ မြန်မာနိုင်ငံသို့ ပြန်ပို့မည့် အခြေအနေများ ကြုံလာနိုင်ကြောင်း၊ ယင်းသို့သော အခြေအနေဖြစ်စေရန်လည်း BGF နှင့် စစ်လော်ဘီများက ဖန်တီးနေကြောင်း မြ၀တီအခြေစိုက် ကုန်သည်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article