30 C
Yangon

မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကိုပါ ရှေ့တန်းတွင် အသုံးပြု

Must read

မိုးဗြဲတိုက်ပွဲတွင် စစ်သား အလောင်း ၅ လောင်းနှင့် လက်နက်ငယ်အချို့သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကိုပါ ရှေ့တန်းတွင် အသုံးပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်၊ ရှမ်း -ကယားနယ်စပ်မိုးဗြဲမြို့တိုက်ပွဲတွင် စစ်သားအလောင်း ၅ လောင်းနှင့် လက် နက်ခဲယမ်းအချို့သိမ်း ဆည်းရရှိခဲ့ပြီး စစ်တပ်က တိုက်ပွဲတွင် အမျိုးသမီးစစ်သည်တချို့ကိုပါ အသုံးပြုနေသည်ကို မြင်တွေ့ရကြောင်း KNDF ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ကရင်နီပြည်နှင့် ရှမ်းပြည်အစပ် မိုးဗြဲမြို့တွင် စစ် ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ကြား တနေကုန်နီးပါးအပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အမျိုးသမီးစစ်သည်တချို့ကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပြည် သူ့နေအိမ် အမြောက်အများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မိုးဗြဲတိုက်ပွဲမှာ စစ်သားအလောင်းတွေ့တာက ၅ လောင်းတွေ့တယ်၊ လက်နက်ငယ်အချို့ရတယ်။ ထူးခြားတာက စကစ ဘက်က မိန်းမရဲဘော်တွေ ပါဝင်တိုက်နေတာတွေ့ရတယ်။ အပြန်အလှန် ပစ်တုန်း မိန်းမတွေ ဝင်တိုက်နေတာ တွေ့ရတယ်၊ သေနတ်ပစ်တာ တွေ့ရတယ်။ အရှင် လည်းမရ၊ အသေ လည်းမရဘူး။ မိန်းမ တွေကို အရင် ဆုတ်ခိုင်းတာနဲ့တူတယ်။ ၄ ဦး၊ ၅ ဦး လောက် တွေ့ရ တာ။ အနောက်ပိုင်း စက်လေး(စက်သေနတ်) အထိုင်နေရာမှာ တွေ့ရတာ၊ အဓိကနေရာတွေမှာတော့ ယောက်ျားတွေ ပေါ့။ ခမရ ၄၂၂ ကနေ ကင်းထွက်လာလို့ တိုက်ပွဲဖြစ်တာပါ” ဟု KNDF ရှေ့တန်းသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းနေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်က လေယာဉ်၊ ဒရုန်းများအသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် လွိုင်ကော်အခြေစိုက် အမြှေက်တပ်၊ ဖယ်ခုံအမြှေက်တပ်၊ ခမရ ၄၂၂ တပ်မှတို့မှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့အစွန် ခမရ-၄၂၂ တပ် နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု ပိုင် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းများ အများအပြား ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

မိုးဗြဲမြိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်း တပ်သားသစ်များကို အဓိက ထား ကာ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိမှုများ ရှိကြောင်း ၊ ထို့အပြင် တိုက်ပွဲတွင် မပါဝင်ဘဲ ထွက်ပြေးနေသည့် စစ်တပ်ဘက်မှ စစ်မူထမ်းတပ်သားများကို လည်း တွေ့ရှိရကြောင်း KNDF တပ်ရင်း ၃ မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

မိုးဗြဲမြို့တွင်းသို့ ထိုးစစ်ဆင်နေသည့် စစ်ကြောင်းများ ဝင်မလာနိုင်စေရန်အတွက် ကာကွယ်ရေးတပ် ပေါင်းစုံက ကြိုးစာရှိကြောင်း၊ အများပြည်သူများအနေဖြင့် မိုးဗြဲလမ်းမကြီးပေါ်တွင် အသွား အလာအသုံးပြုမူကို သတိပြု၍သွားလာကြပါရန်၊ သက်ဆိုင်ရာလုံခြုံရေးဂိတ်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးကြရန် KNDF တပ်ရင်း ၃ မိုးဗြဲ PDF က မေတ္တာရပ်ခံထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း KNDF တပ်ရင်း ၃ မိုးဗြဲ PDF တပ်ဖွဲ့မှ အသုံးပြုသည့် ကားတစ်စီး ကို အကြမ်းဖက်စစ်ကော်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် ကားပြန်လည်အစားထိုးဝယ်ယူနိုင်ရေး တော်လှန်ပြည်သူများအနေဖြင့် ပါဝင်ထောက်ပို့ပေးရန် တော်လှန်ရေးရဲဘော်များက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ အမျိုးသမီးစစ်သည်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article