ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်း၊ မိုးကုတ်မြိုတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မိုးကုတ်မြို့ အနောက်ပိုင်းသို့ စစ်ကောင်စီတပ်က ဗုံး ၂၀ ခန့် လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးသေဆုံးပြီး အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒေသခံ၏နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ နောင်ချိုမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး သပြေတောင်ဘုရားကုန်းပေါ်တွင် ဘိုးဘွားရိပ်သာစခန်းများ ပျက်စီးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေ ကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476908780_987713300122943_2447088905771138868_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476979869_987713356789604_2533527199105159282_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476612821_987713420122931_4623032127763064861_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476633253_987713483456258_3088795579918485735_n.jpg)