ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ ပါကေးအလုပ်ရုံတွင် MoU စနစ်နှင့် အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အ လုပ် ပုံမှန်မရရှိသည့်အပြင် MoU စည်းမျဉ်းများကို ချိုးဖောက်ခံနေရသည့်အတွက် ဘန်ကောက်မြန်မာသံရုံးရှေ့တွင် ယနေ့ ဖေ ဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမား စုစုပေါင်း ၃၁ ဦး စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အလုပ်သမားများက ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စိမ့်အာကာ အေဂျင်စီက ပို့ပေး၍ ရောက်ရှိနေသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ အလုပ်ဆင်းရသည့် ရက်များမှာ ရက်ပေါင်း ၃၀ ခန့်သာရှိပြီး ကျန်ရက်များအတွက် ၇၅ ရာခိုင်နှုန်း ခံစားခွင့်မရဘဲ MoU စည်းမျည်းများကို ချိုးဖောက်ခံနေရခြင်းဖြစ် ကြောင်း၊ ထိုင်းသို့ တရားဝင် MoU စနစ်နှင့် လာရန် တစ်ဦးလျှင် ကျပ်သိန်း ၆၀ ကျော် အေဂျင်စီသို့ ဝန်ဆောင်ခ ပေးချေခဲ့ရ ကြောင်း ၊ MoU စာချုပ်ချိုးဖောက်ခံရခြင်းအတွက် အေဂျင်စီနှင့် စစ်ကောင်စီ သံရုံးက ဖြေရှင်းပေးရန် စုဝေးတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
“အခုလက်ရှိကတော့ အေဂျင်စီဘက်က အလုပ်သမားတွေကို လာမယ့် လအထိ စောင့်ကြည့်ပေးဖို့ ပြေလည်အောင် ဖြေရှင်းပေးဖို့ ပြောထားတာရှိတယ်။ ဒါပေမဲ့ အလုပ်သမားတွေ နားတဲ့ရက်တွေ အလုပ်မဆင်းရတဲ့ရက်တွေ ၇၅ ရာခိုင်နှုန်း ရ မရ က မသေချာသေးဘူး။ လက်ရှိ အလုပ်သမားတွေက သူတို့အလုပ်ရုံမှာ ပြန်ဆင်းဖို့အတွက်တော့ သဘောတူထားတယ်။ ဒီလိုပဲ အလုပ် မှန်မှန်မဆင်းရဘူးဆိုရင် အလုပ်မှန်ကန်တဲ့ စက်ရုံတစ်ခုကို ပြောင်းရွှေ့ပေးဖို့ အလုပ်သမားတွေက ဆန္ဒရှိတယ်။ အလုပ်မဆင်းရတဲ့ ရက်တွေအတွက်လည်း ပြန်ရရှိဖို့ ဆန္ဒရှိတယ်။ အဲဒီအတွက် တတ်နိုင်သလောက်ကူညီသွားပေးဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောကြားသည်။
အလုပ်သမားများ MoU စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခံနေရသည်နှင့် ပတသ်က်၍ အေဂျင်စီဘက်က လိုက် ပါ ဆောင်ရွက်မပေးနိုင်ပါက MoU နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများ၊ ထိုင်းဥပဒေအတိုင်း လိုက်ပါဆောင်ရွက်ပေးရန် ပြင် ဆင်ထားကြောင်း ၊ ထိုကဲ့သို့ မြန်မာအလုပ်သမားများ MoU စာချုပ်ချိုးဖောက်ခံနေရသည်မှာ အဆိုပါ အေဂျင်စီတစ်ခုတည်း မဟုတ်ဘဲ ယခုရက်ပိုင်းအတွင်း အလုပ်သမားများ ဆက်သွယ်အကူအညီတောင်းခံထားသည့် အေဂျင်စီ ၁၀ ခုနီးပါးခန့်ရှိကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းထံမှ သိရှိရသည်။
“အေဂျင်စီတွေက အလုပ်မရှိဘဲနဲ့ Demand Letter အတုတွေနဲ့ ခေါ်သွင်းလာတာတွေ ၊ ပြီးတော့ ဒီလိုမျိုး MoU စနစ်နဲ့ အလုပ်ခေါ်တဲ့အခါမှာ ဘန်ကောက် မြန်မာသံရုံးမှာ ရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေနဲ့ အလုပ်သမား သံအရာရှိတွေက စိစစ်ရတယ်။ ဒီအလုပ်ရုံတွေ ရှိလား၊ အလုပ်ခေါ်စာလာတင်တဲ့ ဒီအလုပ်ရုံက တကယ်ရှိလား အလုပ်ပုံမှန်ရမှာလားဆိုတာ စစ်ဆေးရမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ သူတို့က လာဘ်စားပြီးတော့ တစ်ယောက်ကို ဘယ်လောက်နှုန်း ဘယ်လောက်နှုန်းယူပြီးတော့ အလုပ် ဘယ်မှာရှိလဲ၊ တကယ်အလုပ်ရှိလားမမေးဘဲနဲ့ လက်မှတ်ထိုးပေးလိုက်တာ။ ခေတ်အဆက်ဆက် လာဘ်စားလာခဲ့တာ။ အခု အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ သံရုံးဖြစ်နေတော့ ပိုပြီး ဆိုးလာတာ” ဟု မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ အေအေစီ ကိုရဲမင်းက ပြောပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/477172350_987738376787102_690734447924884122_n.jpg)