By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်လော်ဘီ Han Nyein Ooရဲ့တယ်လီဂရမ်စာမျက်နှာကို လူမှုစံချိန်စံညွှန်း ချိုးဖောက်မှုနဲ့ ဒုတိယအကြိမ် Telegram က ဖြုတ်ချလိုက်တယ်လို့ Telegram က အသိပေးထားပါတယ်။
– စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းဖျားရွာ၊ ကနဲရွာနဲ့စိန်ကုန်းရွာတို့ကို အကြမ်းဖက်စစ်တပ်က မေလ ၂၁ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
– အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်တွေကိုယ်တိုင် မြ၀တီဒေသခံ အချိတ်အဆက် တွေကနေတစ်ဆင့် ထိုင်းဘက်ကနေ လက်နက်နဲ့ ကျည်ကာပစည်းတွေ မှာယူနေတယ်လို့ ကရင်ပြည် နယ်အခြေစိုက် စစ်တပ်၊ နယ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ် ။
– ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၅ ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ခြင်း၊ ထောက်ခံစာ ရေးပေးခြင်း၊ မီတာခ မဆောင်သူများကို ငွေကြေးတောင်းခံခြင်း၊ မီးဖြတ်ခြင်းတွေကိုလုပ်ဆောင်နေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းနေအိမ်ကို လူငယ်များက ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ် သွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။