29 C
Yangon

ကျောက်တံခါး၊ ကွင်းချောင်းဝ ဗျူဟာစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ကျောက်တံခါး၊ ကွင်းချောင်းဝ ဗျူဟာစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝ ဗျူဟာစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝ ဗျူဟာစခန်း၌ တာဝန်ကျနေသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၅ ခု ၊ 5.56 ကျည် အတောင့် ၄၀၀ တို့ကို ယူဆောင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ၂ တပ် ရင်း ၊ P2-3702 ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သူတို့က ရန်ကုန်မြို့ပေါ်မှာ စုဆောင်းခံရတာ တစ်ယောက်က အတင်းအဓမ္မဖမ်းဆီးခံရပြီးတော့ စုဆောင်း ခံရတာ တစ်ယောက်ကတော့ အလုပ်အကိုင် ရှာပေးမယ်ဆိုပြီး စုဆောင်းခံရတာ လက်ရှိသူတို့ကို ကျနော်တို့ တပ်ရင်းအနေနဲ့ ငွေကျပ် ၁၀ သိန်း ကနဦး ချီးမြှင့်ထားတယ်။ ကျန်တာကိုတော့ ပြည်သူ့ရင်ခွင်တို့က နေဆက်ပြီးချီးမြှင့်တာမျိုးတော့ ရှိပါလိမ့်မယ်”ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၌ တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များထံ ချိတ်ဆက် အလင်းဝင်ရောက်ကြရန် ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း – P2 3702 က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article