32 C
Yangon

ချင်းမိုင်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးရရှိပြီး ၆ ဦးတွင် မူးယစ်ဆေး ဝါးများ တွေ့ရှိရ၊ ကန်ချနဘူရီ စစ်ဆေးရေးဂိတ်တွင် ကလေး ၂ ဦး အပါအဝင် မြန်မာ ၁၄ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရှိ နေအိမ်များကို ထိုင်းအာဏာပိုင်များနှင့် လ၀က က ဝင်ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈ ဦး ဖမ်းဆီးရရှိပြီး ၆ ဦးတွင် မူးယစ်ဆေးဝါးများ တွေ့ရှိရကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်း ချင်းမိုင်မြိုရှိ နေရာ ၅ ခုမှ နေအိမ်များကို ဝင်ရောက်စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၈ ဦးကို အထောက်အထားစာရွက်စာတမ်းမရှိဘဲ ဝင်ရောက်နေထိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ယင်းတို့အနက်မှ ၆ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

“အခုတလော ချင်းမိုင်မှာ အစစ်အဆေးတွေ အရမ်းကြမ်းပါတယ်။ စားသောက်ဆိုင်တွေနဲ့ နေအိမ်တွေအထဲထိ ဝင်စစ်တာမျိုးက ချင်းမိုင်မှာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ အခုကတော့ စစ်ဆေးမှု အရမ်းကြမ်းလာတယ်။ ” ဟု ချင်းမိုင်ရောက် မြန်မာကျောင်းသားတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ၁၄ ဦးလိုက်ပါသော Toyota Wish ကားကို စစ်ဆေးရန် တားဆီးရာ မောင်းပြေးသွားကြောင်း၊ ယင်းနောက် လိုက်လံ ဖမ်းဆီးရာ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၄ ဦးနှင့် ကားသမား မင်းကျော်ဦးတို့ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ကားအတွင်း တရားမဝင် လိုက်ပါသော မြန်မာအလုပ်သမား ၁၄ ဦးတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦး၊ အသက် ၁၄ နှစ်အရွယ် ယောင်္ကျာလေး ၁ ဦး နှင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးတို့ပါဝင်ကြောင်း၊ တစ်ဦးလျှင် ဘတ် ၇၀၀၀ ဖြင့်လိုက်ပါလာခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းခြင်းနှင့် စစ်တပ်၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပုံစံမျိုးဖြင့် ထွက်ပြေးနေကြပြီး အများအပြားမှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှု ခံနေရကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article