နတ်မောက်တွင် စစ်တပ်စစ်ကြောင်းက ပစ်ခတ်ဖမ်းဆီးသွားသော ကလေးငယ် ၁ ဦး ပျောက် ဆုံးနေပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းက ပစ်ခတ်ဖမ်းဆီးသွားသော ကလေးငယ် ၁ ဦး ပျောက်ဆုံးနေပြီး နေအိမ် ၃ လုံးကို လည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း နတ်မောက်မြို့နယ်ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နတ်မောက်မြို့နယ်၊ ကုလားရှင်ကျေးရွာကို အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ထွက်ပြေးသည့် ကလေးငယ် ၁ ဦးကို ပစ်ခတ်ဖမ်းဆီးသွားပြီး နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပစ်ခတ်ဖမ်းဆီးခံရသည့် ကလေးငယ်မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
“နတ်မောက်ကလေ အင်အား ၄၀ ကျော် ၅၀ လောက်နဲ့တက်လာတဲ့စစ်ကြောင်းပါ၊ ကလေးတစ် ယောက်က သူတို့မြင်တော့ ထွက်ပြေးတာ၊ အဲဒါကို ပစ်ပြီးတော့ ဖမ်းသွားတယ်၊ အဲဒီကလေးအပါအ ဝင်ဆိုရင် ၃ ယောက်ဖမ်းတာ၊ ကျန်တဲ့ ၂ ယောက်ကိုတော့ လွှတ်ပေးခဲ့တယ်၊ အဲဒီ ပစ်ဖမ်းခံရတဲ့ ကလေးက အခုထိပျောက်နေတယ်။ သေသလား၊ ရှင်သလား အခုထိမသိရသေးဘူး” ဟု နတ်မောက် မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ကျီးကန်မြောက်ရွာကို အကြမ်း ဖက်စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူ့နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အ ပြင် ကျီးကန်ကျေးရွာနှင့် ရုံးပင်ကွက် ကျေးရွာမှ ပြည်သူပိုင် ဖုန်းအလုံး ၇၀ ခန့်ကိုလည်း မတရားလု ယက်သိမ်းယူသွားကြောင်း သိရသည်။


