31 C
Yangon

မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တောင်သာ အောင်ဇေဖြိုးရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးဒဏ်ရာရ

Must read

မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တောင်သာ အောင်ဇေဖြိုးရွာကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ စခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ တပ်ခွဲ ၃ စခန်းကို မိတ္ထီလာ ရှန်တဲလေတပ်မှ တက်လာသော Mig -29 ဂျက်ဖိုက်တာ တစ်စီးဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၁၁ နာရီ ၃၈ မိနစ်နှင့် ၄၂ မိနစ်နှင့် ၅၀ မိနစ်တို့တွင် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး Mi-35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှု မရှိသော်လည်း ရဲဘော်များ အိပ်ဆောင် တဲ ၁ လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

“တော်လှန်ရေး ရဲဘော်တွေတော့ အထိခိုက်မရှိပါဘူး။ တော်လှန်ရေး ရဲဘော်တွေရဲ့ ပစ္စည်းတွေနဲ့ တဲ ၁ လုံးတော့ ပြိုကျ ပျက်စီးသွားတယ်” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အောင်ဇေဖြိုးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အောင်ဇေဖြိုးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article