26 C
Yangon

ရွှေတောင် စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်း

Must read

ရွှေတောင် စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်း၊ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်းနေကြောင်း ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်ဒကစမှ ယာယီ ဒကစမှူးက ပြည်ခရိုင်အတွင်းရှိ ပရဟိတ အသင်း ၂၈ သင်းကို ပြည်ဒကစ အတွင်းခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်း အစည်းအဝေးတွင် ယာယီဒကစမှူးက ရွှေတောင် ကုတင်၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရန် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဒဏ်ရာပြင်းထန်သော စစ်သားများကို စစ်ကားဖြင့် ပို့ဆောင်ရဲခြင်းမရှိဘဲ ကြားဖြတ် တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေကြောင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံသို့ စစ်သား လူနာများကို ပို့ဆောင်ပေးပါက တစ်ခေါက်လျှင် ဆီ ၁၅ ဂါ ဆီ ပေးမည်ဖြစ်ကြောင်း၊ ယခင်က ရွှေတောင် ပရဟိတအသင်းနှင့် လူနာများကို ပို့ဆောင်နေသော်လည်း ယခုအခါ လူနာဦးရေ များပြားနေသောကြောင့် ပြည်ခရိုင်အတွင်းရှိ ပရဟိတအသင်းများကိုခေါ်ယူက အလှည့်ကျပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ထို အစည်းအဝေးကို ပြည်ဒကစမှူးမှ ခရီးသွားနေခြင်းကြောင့် ယာယီ ဒကစမှူးမှ ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဥသျှစ်ပင်-ပန်းတောင်းဘက်မှ စစ်သားများ၊ ပေါင်းတည်ဘက်မှ စစ်သားများနှင့် ပြည်ခရိုင်အတွင်းရှိ ဒဏ်ရာရ စစ်သားများ အပြင် သာယာဝတီခရိုင်မှ စစ်သားများပါ တက်ရောက်ကုသနေပြီး လူဦးရေ များပြားကာ ဆေးဝါးများ လုံလောက်မှုမရှိကြောင်း သိရသည်။

“မနေ့က ပြည်ဒကစထဲမှာ ယာယီဒကစမှူးက ပရဟိတ အသင်း ၂၈ သင်းကို ခေါ်ယူပြီး အစည်းဝေးတစ်ခု ပြုလုပ်တယ်လို့ သိရတယ်။ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံမှာ မကုသနိုင်တော့တဲ့ စစ်ခွေးတွေကို ရန်ကုန် မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရမယ့်အကြောင်း ခေါ်ပြောတယ်လို့ သိတရတယ်။ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပြောတယ်။ အရင်ကတော့ ရွှေတောင်ပရဟိတအသင်းနဲ့ စစ်ခွေးလူနာတွေ ပို့ဆောင်ပေမယ့် အခုက လူနာဦး အရေအတွက် များလာလို့ မပို့နိုင်တော့ဘူးလို့ သိရတယ်။ အဲဆေးရုံတက်နေတဲ့ စစ်ခွေးတွေက ဥသျှစ်ပင်-ပန်းတောင်းဘက်ကဖြစ်သလို ပေါင်းတည်းဘက်ကလည်းပါတယ်။ ပြည်ခရိုင် နယ်မြေထဲကတော်တော်များများပါတယ်။ သာယာဝတီခရိုင်က ဒဏ်ရာရ စစ်ခွေးတွေကော တက်ရောက်နေတယ်လို့ သိရတယ်” ဟု ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article