မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်စခန်းကို တိုက်ခိုက်မှု ၂ လအတွင်း စစ်ကောင်စီဘက်မှ ၂၃ ဦး ထက်မနည်း သေဆုံးပြီး တော်လှန် ရေးရဲဘော် ၄ ဦးကျဆုံး
ကရင်နီပြည်နယ်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၄၂၂ တပ်ရင်းကို တိုက်ခိုက် မှု ၂ လအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၄၂၂ တပ်ရင်းကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၅ ဦး သေ ဆုံးခဲ့ကြောင်း၊ ၂ တာတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၃ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“၂ တာတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၃ ဦးသေတာပါ၊ ဒီရက်ပိုင်းတိုက်ပွဲတွေ မှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၄ ဦးကျဆုံးထားပါတယ်” ဟု အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်း ချုပ်နိုင်ရေး အတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း၊ သို့သော်လည်း အကြမ်းဖက်စစ်သားများမှာ အထိနာပြီး ထိုးဖောက်နိုင်ခြင်းမရှိဘဲ ပြန် လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးဗြဲမြို့ကို အမှတ် ၁၀၀၆ တပ်ရင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ၊ PDF ၊ KNDF ၊ တပ်ပေါင်းစုများက ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး မြင့် မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
