35 C
Yangon

ဘားအံ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် တီးတိန် ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်

Must read

ဘားအံ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် တီးတိန် ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ်ကြီး ၁ ဦး အလင်းဝင်

ရန်ကုန်၊ မတ် ၄

ကရင်ပြည်နယ်၊ ဘားအံ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) မှ စစ်မှုထမ်း တပ်သားသစ် ဟိန်းထက်အောင် အလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) ဘားအံ မှ စစ်မှုထမ်း တပ်သားသစ် ဟိန်းထက်အောင်သည် တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သို့ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်သားဟိန်းထက်အောင်သည် မန္တလေးမှ ရန်ကုန်သို့ အလုပ်ပြောင်းလာရာမှ အကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးစစ်ဆေးခြင်းကိုခံခဲ့ရပြီး မှတ်ပုံတင်တွင် ၈/ ဖြစ်နေသည့်အတွက် PDF ဟု စွပ်စွဲခြင်းခံခဲ့ရကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်တပ်ထဲဝင်ရန် သို့မဟုတ်ပါက ပင်လယ်ထဲ ငါးဖမ်းလိုက်ရန် ရွေးချယ်ခိုင်းပြီး ပင်လယ်ထဲရောက်လျှင် လွတ်လမ်း မရှိခြင်းကြောင့် တပ်ထဲဝင်ရောက်ရန်သာ ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

စစ်သင်တန်းတွင်လည်း ကြီးနိုင်ငယ်ညှင်း လုပ်ဆောင်ပြီး မကြိုက်လျင် မကြိုက်သလို ရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်းများရှိပြီး တပ်သားဟိန်းထက်အောင်ကိုလည်း ရေအသုံးများသည်ဟုဆိုကာ နားရင်းရိုက်ခြင်းကြောင့် နားအတွင်းမှ သွေးများထွက်ကာ နားတဖက်မကြားရ‌တော့သည်အထိ ဖြစ်ခဲ့ကြောင်းသိရသည်။

ဟိန်းထက်အောင်သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စစ်သင်တန်းဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှက်စစ်) ဘားအံ သို့ ရောက်ရှိလာပြီးနောက် အကြမ်းဖက် စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြောင်း၊ ယခုအချိန်တွင် တပ်သားဟိန်းထက်အောင် သည် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အနိုင်ကျင့်ဗိုလ်ကျနေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အနေဖြင့် ပြန်လည်တိုက်ထုတ်မည် ဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီတပ်သို့ ရောက်ရှိလာသူများအနေဖြင့် လွတ်လမ်းမရှိတော့ဘဲ အသက်အန္တရာယ်ရှိသည့် ရှေ့တန်းကိုသာ ရောက်ရှိမည်ဖြစ်ကြောင်း၊ နောက်တန်းသို့ ပြန်ရောက်နိုင်တော့မည် မဟုတ်သည့်အတွက် အတတ်နိုင်ဆုံး စစ်မှုထမ်း မပါရန် သတိဖြင့် နေစေလိုကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေး ပြောဆိုထား သည်။

အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြပ်ကြီး မင်းမင်းမှာလည်း လက်နက်ခဲယမ်းများ ယူ ဆောင် လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တီးတိန်မြို့၊ ခလရ ၂၆၉ တပ်ရင်းမှ တပ်ကြီး မင်းမင်းသည် လက်နက်ခဲယမ်းများနှင့် ယူဆောင်လာပြီး PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article