Khit Thit သတင်းဌာန၏ မတ် ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို စစ်အာဏာသိမ်းကာလ ၅ နှစ်ပြည့်ချိန် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ခုနှစ် ဇန်နဝါရီလမှသာ ကျင်းပနိုင်မယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးကို သေအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ချိုမိုင်မိုင် ယင်းမာပင်မြိုနယ် မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပြည်ပရောက် မြန်မာလူငယ်တွေအနေနဲ့ စစ်မှုထမ်းဖို့ ပြန်မလာနိုင်သေးရင် မြန်မာနိုင်ငံက မိဘဆွေမျိုး တွေထဲက မိသားစုဝင် လူငယ်တစ်ဦးဦးက စစ်မှုထမ်းနိုင်ဖို့ ပြင်ဆင်ထားရန် လိုအပ်တယ်လို့ ရန်ကုန်တိုင်း၊ လသာမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
