28 C
Yangon

ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ

Must read

ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ

ရန်ကုန်၊ မတ် ၉

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ က ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၂ လက်၊ G3 ၂ ၊ MA 11 ၂ ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည် ၂၀၀ ၊ 5.56 ကျည် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article