35 C
Yangon

မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်း နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်

Must read

ရန်ကုန်၊ မတ် ၁၀

အကြမ်းဖက် မင်းအောင်လှိုင် ရုရှားတွင် ရှိနေစဉ် ရုရှားကုန်တင်လေယာဉ်တစ်စင်းက နေပြည်တော်သို့ လာရောက်ပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်သွားခဲ့ကြောင်း နေပြည်တော်အေလာတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ ညပိုင်း နေပြည်တော်အေလာလေတပ်သို့ ရုရှားကုန်တင်လေယာဉ် IL 76-RA-76842 (ilyushin il-76TD) ရောက်ရှိလာခဲ့ကြောင်း ၊ အဓိကအားဖြင့် နေပြည်တော်အေလာလေတပ်ထဲသို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ နေပြည်တော်မှ ရုရှားသို့ အပြန်တွင် မည်သည့်ကုန်ပစ္စည်းမှ တင်ဆောင်သွားခြင်းမရှိကြောင်း သိရှိရသည်။

မတ်လ ၉ ရက်နေ့တွင် အဆိုပါ ရုရှားကုန်တင်လေယာဉ်သည် နေပြည်တော်အေလာလေတပ်မှ ပြန်လည် ထွက်ခွာသွားပြီး ကုန်တင်လေယာဉ်သည် နေပြည်တော်သို့ ကုန်ပစ္စည်းလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရုရှားနိုင်ငံ ၊ စိန့်ပီတာဘတ်မှ နေပြည်တော်သို့ ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article