29 C
Yangon

AA နှင့်တိုက်ပွဲဖြစ်နေသော ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့တွင် စစ်တပ်နှင့်ရဲများက စစ်ဆေးရေးဂိတ်ဖွင့်ပြီး လုံခြုံရေးအကြောင်းပြ၍ ကား ၁ စီးလျှင် ငွေကျပ် ၂ သိန်းနှုန်း ကောက်ယူ

Must read

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့အဝင်တွင် အကြမ်းဖက် စစ်တပ်နှင့်ရဲများက စစ်ဆေးရေးဂိတ်ဖွင့်ပြီး ကား ၁ စီးလျှင် ငွေကျပ် ၂ သိန်းနှုန်း လုံခြုံရေးအကြောင်းပြ ဖမ်းဆီးတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

AA နှင့်တိုက်ပွဲဖြစ်နေသော ပန်းတောင်းမြို့နယ်တွင် မတ်လပိုင်းမှစတင်၍ ထုံးဘိုမြို့ရဲစခန်းမှ အကြမ်းဖက် စစ်သားနှင့် ရဲများက မြို့အဝင် ဆိုင်းဘုတ်ရှေ့တွင် နေ့စဉ်ဂိတ်ဖွင့်ပြီး ခရီးသွား ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကား ၁ စီးလျှင် ငွေကျပ် ၂ သိန်းနှုန်း အတင်းအဓမ္မ တောင်းခံနေကြောင်း၊ ထို့ပြင် ဂိတ်ကို ဖြတ်သန်းသွားလာနေသည့် ထုံးဘိုမြို့ နှင့် အနီးအနား ကျေးရွာများမှ ပြည်သူများ၏ သုံးဘီး ဆိုင်ကယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လုံခြုံရေးအကြောင်းပြ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သောင်းချီ တောင်းခံနေခြင်းကြောင့် ပြည်သူများ သွားလာရေးပါ ခက်ခဲလာကြောင်း သိရှိရသည်။

“ထုံးဘိုမြို့ ရဲစခန်းက စစ်ခွေးနဲ့ ရဲခွေးတွေက ထုံးဘိုမြို့ အဝင်ရှေ့မှာ ခရီးသွားကားတွေကို ဂိတ်ဖွင့်ပြီး စစ်ဆေးနေတာ နေ့တိုင်းကို ဖမ်းနေတာ ကား ၁ စီးကို ငွေကျပ် ၂ သိန်းထိ အကြောင်းမျိုးမျိုးပြပြီး တောင်းပါတယ်။ စစ်ခွေးတွေက လမ်းမှာ တွေ့တဲ့ သုံးဘီးဆိုင်ကယ်တွေလည်း အကုန်ဖမ်းပါတယ်။ ကျုံသလိုကို ဖမ်းပြီး ငွေညှစ်နေတာ ပြန်ရွေးခိုင်းရင်လည်း သောင်းနဲ့ ချီပေးနေရတော့ ပြည်သူတွေ သွားလာရေးပါ ခက်ခဲနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့် ဥသျှစ်ပင်မြို့တို့တွင် စစ်တပ်က AA နှင့်ဖြစ်ပွားနေသော ရှေ့တန်းစစ်မြေပြင်များသို့ စစ်ကူအင်အားများ တောက်လျှောက်ဆိုသလို ပို့ဆောင်နေပြီး ဥသျှစ်ပင်မြို့နှင့် ပန်းတောင်းမြို့တို့တွင် ခုခံစစ်အတွက် ပြင်ဆင်လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပန်းတောင်းမြို့နှင့်ဥသျှစ်ပင်မြို့တို့တွင် လုံခြုံရေး တင်းကျပ်ထားပြီး ယင်းမြို့များမှ လူငယ်များကို ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားများအဖြစ် အကြီးအကျယ် စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဇူလိုင်လ ပန်းတောင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် ဇူလိုင်လ ပန်းတောင်းမြို့အဝင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article