35 C
Yangon

ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ငါ့သရောက်မြို့ အနီး ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ငါ့သရောက်မြို့ အနီးရှိ ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ငါ့သရောက်မြို့အနီးမှာ တိုက်ပွဲက ဖြစ်နေတာ ပြည်သူတွေ အကုန် ထွက်ပြေး တိမ်းရှောင်နေရတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာက မြို့နယ် ဘယ်လောက်မှ မဝေးဘူး နီးနီးလေး ကပ်နေတာ မြို့ပေါ်နေ ပြည်သူတွေကော အနီးအနားက ကျေးရွာက ပြည်သူတွေပါ တိမ်းရှောင်နေရတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်နေတာဆိုတော့ ပြည်သူတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေကြတာ လူဦးရေများတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article