30 C
Yangon

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

Must read

စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာရှိ လူစည်ကားရာ ဈေးဆိုင်တန်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာရှိ လူစည်ကားရာ စျေးဆိုင်တန်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

အလားတူ မတ်လ ၄ ရက်နေ့ကလည်း စဉ့်ကူးမြိုနယ် ၊ လက်ပံလှကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသည့် နယ်မြေများရှိ ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက် စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article