32 C
Yangon

AA ၏ ထိုးစစ်ကို ကာကွယ်ရန် နှင့် စစ်ကူ ဖြည့်တင်းရန် ရွှေတောင်တွင် လေ ယာဉ်ကွင်းနှင့်ပြေးလမ်း အမြန်ဆောက်လုပ်ပြီး စစ်လေယာဉ်များ စတင် ဆင်း သက်

Must read

AA ၏ ထိုးစစ်ကို ကာကွယ်ရန် နှင့် စစ်ကူ ဖြည့်တင်းရန် ရွှေတောင်တွင် လေ ယာဉ်ကွင်းနှင့်ပြေးလမ်း အမြန်ဆောက်လုပ်ပြီး စစ်လေယာဉ်များ စတင် ဆင်း သက်

ရန်ကုန်၊ မတ် ၁၅

ပဲခူးတိုင်းအတွင်းတွင် AA ၏ ထိုးစစ်ကို ကာကွယ်ရေး စစ်ကူများ အချိန်မီ ဖြည့် တင်းနိုင်ရန် ရွှေတောင်မြို့နယ်တွင် လေယာဉ်ပြေးလမ်း အမြန်ဆောက် လုပ်ပြီး စစ်လေယာဉ် ပျံသန်း ဆင်းသက်မှုများ စတင်စမ်းသပ်လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ် အစပ်တွင် စစ်ကောင်စီက လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ကွင်းတစ်ခုကို အမြန်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စစ်လေယာဉ် ပျံသန်း ဆင်းသက်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ AA ၏ ရှေ့တိုးလာသော ထိုးစစ်ကို ကာကွယ်ရန်၊ ရခိုင်နှင့်ပဲခူးဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် စစ်တပ်က ယင်းလေယာဉ်ကွင်းနှင့်ပြေးလမ်းကို အမြန်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်ကွင်းသည် ရွှေတောင်မြို့နှင့် ရန်ကုန်-ပြည် အဝေးပြေးလမ်းကြီးသို့ တိုက်ရိုက် သွားလာနိုင်သော လမ်းများဖောက်လုပ်ထားပြီး လေယာဉ် ကွင်းဘေးတွင်လည်း အမြောက်တပ်များ၊ ခြေလျင်တပ်များစွာရှိနေကြောင်း သိရှိရသည်။

“လပိုင်း ရက်ပိုင်းကာလအတွင်းမှာ ရွှေတောင်မြို့နယ်ထဲမှာ လေယာဉ်ပြေးလမ်းတစ်ခုကို စစ်တပ်က အမြန်ဖောက် လုပ်တယ်။ အရင်က လုံး၀မရှိဘူး။ အမြန် တည်ဆောက်ထားတာ။ ညဘက်ဆိုရင် လေယာဉ်အတက် အဆင်းတွေ လုပ်နေပြီ။ လေယာဉ်ကွင်းကို စိုက်ပျိုးရေး ရွာသစ်နဲ့ ကမ်းတင်ရွာ ဘက်က နေ ဝင်တယ်။ရခိုင်၊ပဲခူးနဲ့အညာ ဘက်ကို အဓိက လေကြောင်းစစ်ဆင်ရေးလုပ်မယ်လို့ သိရတယ်။ သူ့နားမှာ စကစ ရဲ့ ၆၆ နဲ့ မလှမ်းမကမ်းပဲ။ ပြည်ရေနံမြေနဲ့လည်း နီးတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

AA က တောင်ကုတ်လမ်းပိုင်းမှတစ်ဆင့် ပဲခူးတိုင်းအတွင်းသို့ ဝင်ရောက်လာနေပြီး မိုးထိတောင်စခန်းကို ဇန်နဝါ ရီလ ၂၆ ရက်နေ့၊ ညောင်းကျိုးတပ်စခန်းကို မတ်လ ၁၄ ရက်နေ့တို့တွင် အသီးသီးသိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် AA ၏ ထိုးစစ်က ပဲခူးတိုင်းအတွင်းသို့ တိုးဝင်လာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article