37 C
Yangon

ကျောက်ဆည်တွင် စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးလာသော လူငယ်များ ထွက်ပြေးသွား၍ စစ်တပ်က လိုက်လံ ပစ် ခတ်စဉ် လူငယ် ၁ ဦးသေဆုံး

Must read

ကျောက်ဆည်တွင် စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးလာသော လူငယ်များ ထွက်ပြေးသွား၍ စစ်တပ်က လိုက်လံ ပစ် ခတ်စဉ် လူငယ် ၁ ဦးသေဆုံး

🟥 အောင်လံနှင့် အုတ်တွင်းတို့တွင် လူငယ်များကို ပေါ်တာဆွဲရန် သာသနာတံဆိပ်ကားများကို စစ်တပ်က အသုံးပြု

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ်များ ထွက်ပြေးသွား၍ လိုက်လံ ပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများမှ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို ခေါ်ဆောင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဝန်းကျေးရွာအကျော်ရှိ ဆိုင်တစ်ဆိုင်တွင် ထမင်း ဝင်ရောက် စားသောက်နေစဉ် လူငယ် ၈ ဦးက ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသော လူငယ် ၈ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေနတ်ဖြင့် လိုက်လံ ပစ် ခတ် ခဲ့ရာမှ လူငယ် ၁ ဦး ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသော လူငယ်များကိုလည်း အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။

“ကျောက်ဆည်မြို့နယ် ရေဝန်းကျေးရွာအကျော်မှာ စစ်ခွေးတွေက ထမင်းဝင်စားနေတုန်း သူတို့ ပေါ်တာဆွဲလာတဲ့ ကလေး ၈ ဦးက ထွက်ပြေးတာ။ အဲဒါကို စစ်ခွေးတွေက လိုက်ပစ်တာ ကလေး ၁ ဦး ကျည်မှန်ပြီး သေဆုံးသွားတယ်လို့ သိရတယ်။ ကျန်လူငယ်တွေကိုလည်း စစ်ခွေးတွေက လိုက်ရှာနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာတွင် အကြမ်းဖက် စစ်တပ်၏ ကင်းလှည့်နေသော စစ် သားများ တိုက် ခိုက်ခံရပြီးနောက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ အောင်လံမြို့ အခြေစိုက် ကပစ ၁၅ မှ အကြမ်းဖက် စစ်သား ၂၅ ဦးခန့်သည် သမ္ဘူလကျေးရွာနှင့် အနီးပတ် ဝန်းကျင်ကို ကင်းပတ်ရန် ထွက်လာစဉ် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်း ရွာလမ်းဆုံတွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို အောင်လံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာအခြေအနေ ပြင်းထန်သောကြောင့် သေဆုံးနိုင်ခြေရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ရွှေပန်းတောရွာ၊ သမ္ဘူလရွာ ၊ ကျောက်ပန်းတောင်းရွာ နှင့် တိုက်နယ် ရဲစခန်း တို့တွင် စစ်တပ်က ခံစစ်ပြင်ဆင်နေပြီး လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်နေကာ လူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်း တိုက်ခိုက်ခံပြီးတော့ တိုက်နယ် ရဲစခန်းနဲ့ ရွာတွေထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ထပ်မံ တိုက်ခိုက်ခံရမှာ ကြောက်လန့်ပြီး ခံစစ်တွေ ပြင်ဆင်နေတယ်။ ခွေးတွေက ကျေးရွာချင်းဆက်လမ်းတွေပါ မကျန် စစ်ခွေးတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို အကုန်လိုက်စစ်နေတယ်။ လူငယ်တွေလည်း ပေါ်တာဆွဲ ဖမ်းဆီးခံရတာတွေရှိတယ်။ ဘယ်နှစ်ဦး ဖမ်းဆီးခံရလည်း ဆိုတာတော့ အတည်မပြုနိုင်ဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ခင်ကြီးပိုင်းတွင် လက်နက်ကိုင် ပျူစောထီး ဗိုလ်မြ ဦးဆောင်သော အဖွဲ့က လူငယ်များကို ဘုန်းကြီးကားများဖြင့် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လပိုင်းမှ စတင်ပြီး အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ခင်ကြီးပိုင်းတွင် နေထိုင်သော လက်နက်ကိုင် ပျူစောထီး ဗိုလ်မြ ဦးဆောင် အဖွဲ့က လူငယ်များကို ဘုန်းကြီးကားများဖြင့်ပါ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော လူငယ်များကို ထွေ/အုပ်တွင် ထားရှိပြီး နောက် ညတွင်းချင်း အကြမ်းဖက် စစ်တပ်ထံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင် ဗိုလ်မြ ဦးဆောင်တဲ့ ပျူခွေးတွေက လူငယ်တွေကို အတင်းဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးပြီး ထွေ/အုပ်ရုံးထဲမှာ ခေတ္တထိန်းသိမ်းတယ်။ ပြီးရင် ညတွင်းချင်းကို စစ်တပ်ထဲပို့တာ ဖမ်းတာကလည်း တော်တော်ဆိုးပါတယ်။ ရွာထဲအထိ လိုက်လံ ဖမ်းဆီးတယ်။ တွေ့တဲ့သူ အကုန်လိုက်ဖမ်းတာ ဘုန်ကြီးကားတွေနဲ့ပါ သုံးပြီး လိုက်ဖမ်းနေတာ ဗိုလ်မြမှာ သေနတ်နဲ့ လက်ပစ်ဗုံးရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ်၊ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြပွဲအတွင်း စစ်သားများက လူငယ် ၁ ဦးကို ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article