36 C
Yangon

စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ်လည်ပေးခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦးကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေးအပ်

Must read

စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ်လည်ပေးခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦးကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေးအပ်

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းနိုင်ရေး ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းသည်ဟု အပြစ်ရှာ လိမ် လည်ပေးခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦး ကို မင်းအောင်လှိုင်က ပထမအဆင့် နည်းပညာထူးချွန်ဆု ပေး အပ်သည်။

မင်းအောင်လှိုင်က မတ်လ ၁၃ ရက်နေ့တွင် နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးကို နည်းပညာထူးချွန် (ပထမအဆင့်) ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၆ ရက်နေ့တွင် ဆုပေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး အဓိက စတင်တွန်းအားပေးခဲ့သူတစ်ဦးမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦးပင်ဖြစ်သည်။

နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)သတင်းနှင့်နည်းပညာဌာန (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးသည် စစ်ကောင်စီမှ မတရားအာဏာသိမ်းမှု ဆောင်ရွက်ရာတွင် အဓိကတွန်းအားပေး ပါဝင်ပတ်သက်ခဲ့သည်။

NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ စစ်ဆေးရန် ပျော်ဘွယ် ကြံ့ဖွတ်အမတ် ဦးသောင်းအေးနှင့် တိုင်ပင်ပြီး ပျော်ဘွယ်မဲစာရင်းများကို တရားမဝင်စစ်ဆေးခဲ့သည်။ ယင်းနောက် ပျော်ဘွယ် မဲစာရင်းများ မှားယွင်းနေသည်ဟုဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ လိမ်လည်တင်ပြခဲ့သည်။

အာဏာသိမ်းရန် အကွက်ချောင်းနေသည့် မင်းအောင်လှိုင်က တစ်နိုင်ငံလုံး မဲစာရင်းများကို ၎င်းစိတ်ကြိုက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းကာ နိုင်ငံတော်အာဏာကို အကြမ်း ဖက် နည်းလမ်းဖြင့် သိမ်းယူခဲ့ခြင်းမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦး၏ စနက်ပင်ဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းတစ်ဦးဖြစ်ပြီး မဲစာရင်း မှားယွင်းသည်ဟု အကြောင်း ပြကာ အာဏာသိမ်းခွင့်ရစေရေး ဆောင်ရွက်ပေးခဲ့သူဖြစ်၍ မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရရှိခဲ့သူလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးက မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် စစ်ကောင် စီနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းသောအခါ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သူ ချောင်ထိုးခံခဲ့ရသည်။ တစ်ဖန် နည်းပညာရပ်နှင့်သက်ဆိုင်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် ထပ်မံမျှော်လင့်ခဲ့သော်လည်း တခြားသူအား ခန့်အပ်သွားသဖြင့် ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရသည်။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ယုံကြည်မှုရရှိပြီး ပုဂ္ဂိုလ်ရေးအရရင်း နှီးကာ စစ်ကောင်စီ လက် အောက်ခံ လဝကက ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းတွင်လည်းအဓိက ပါဝင်ခဲ့သည်။ စစ်ကောင်စီအတွက် ကွန်ပျူတာနှင့် IT ပစ္စည်းများ အမြတ်များများဖြင့် တင်သွင်းခွင့်ရရှိခဲ့သူလည်းဖြစ်သည်။

လက်ရှိ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာ အဖွဲ့တွင် အဓိက ဦးဆောင်နေသူလည်းဖြစ်သည်။

၎င်းတွင် မိန်းမဖြစ်သူ နှင့် သားတစ်ဦး၊ သမီးတစ်ဦးရှိပြီး ယခင်က မြေနီကုန်းစမ်းချောင်းတွင် နေထိုင်ခဲ့ကြပြီး အာဏာသိမ်းပြီးအချိန်တွင်မူ မြေနီကုန်းတွင် မနေရဲသဖြင့် နေပြည်တော် စစ်ရုံးချုပ်အတွင်းသို့ မိသားစုအလိုက် ပြောင်း ရွှေ့နေထိုင်လျက်ရှိသည်။

အာဏာမသိမ်းခင် ကာလအထိ တပ်တွင်းတွင် ဇနီးသည် လိုက်ပါနေထိုင်ရမည်ဟူသည့် အမိန့်ကို နာခံခြင်းမရှိဘဲ တစ်ဦးတည်း လူလွတ်နေထိုင်ပြီး ရုံးချိန်ပြင်ပဘက်များတွင် KTV မာဆတ်များသို့ စမောပုံမှန် ဆွဲလေ့၊ သွားလေ့ရှိသူတစ်ဦးလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် တပ်မတော် ကြည်း၊ ရေ၊ လေ သတင်းနှင့် နည်းပညာဌာန၏ ဌာနကြီးမှူးအဖြစ် တာဝန်ယူပြီး စစ်ကောင်စီနှင့် မင်းအောင်လှိုင် သက်ဆိုးရှည်ရေး ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်နေသော စစ်ရာဇဝတ်မှုများ၏ သမိုင်းတရားခံတစ်ဦးပင်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article