30 C
Yangon

စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး

Must read

စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပကဖ နယ်မြေ ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့တွင် တညောင်တိုက်နယ် မြို့လှရွာနှင့်ထန်းနှစ်ပင်ရွာ အကြားရှိ EPC ရုံးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အချင်းချင်း ခိုက်ရန်ဖြစ်ပွာပြီး အပြန်အလှန် ပစ်ခတ်ကြရာမှ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“၁၆ ရက်နေ့က စစ်ခွေးတွေရှိတဲ့ EPC ရုံးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ရုံးအတွင်းကို ၂ လုံး ကျရောက် ပေါက်ကွဲပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိမရှိဆိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ ပစ်ခတ်ပြီး သိပ်မကြာဘူး။ ညဘက်ရောက်တော့ သူတို့အချင်းချင်း စကားများရာကနေ ပစ်ခတ်တာ စစ်ခွေး ၁ ကောင် သေပြီး ၃ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု စလင်းမြို့နယ် ပကဖ နယ်မြေ ၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပကဖ နယ်မြေ ၃ မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article