31 C
Yangon

ဝေါမြို့နယ်တွင် PDF များကို စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် PDF ရဲဘော်များကို စိန်ခေါ်ထားသည့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝေါမြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၈ ရက် ညနေ ၆ နာရီခန့်က ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနားရှိ လက်ပန် ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကြီး၏ နေအိမ်တွင် စစ်သား၊ ပျူစောထီးများ စုဝေးနေစဉ် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ပျူစော ထီး ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ မြစ်ကျိုးဆေးရုံမှ တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသထား ကြောင်း သိရသည်။

“PDF တွေကို စိန်ခေါ်ထားတဲ့ ဝေါမြို့နယ် ၊လက်ပန်ရွာက ပျူစောထီး ခေါင်းဆောင်ရဲ့ နေအိမ် အပေါ် ဒရုန်း ဗုံးသီးချ တိုက်ခိုက်ခံရတာ၊ စစ်တောင်းမြစ်ဘေးမှာရွာတွေထဲမှာ သူ့ရွာက ပျူအင်အား အ တောင့်တင်းဆုံးပေါ့၊ စခ ၂ ဦးသေတယ်၊ ပျူ ၇ ဦးတော့ မြစ်ကျိုးအင်းဆေးရုံကနေ တောင်ငူဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်” ဝေါမြို့နယ် ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဝေါမြို့နယ်၊စစ်တောင်းမြစ်ကမ်းနားရှိကျေးရွာများ တွင် လက်ပန်ကျေးရွာသည် ပျူစောထီး အင်အား အတောင့်တင်းဆုံးရွာဖြစ်ပြီး ပျူစောထီး အင်အား ၃၀ ကျော်ရှိကြောင်း၊ ပျူစောထီး ခေါင်းဆောင် အောင်ကြီးသည် PDF ရဲဘော် များကို စိန်ခေါ်ထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article