28 C
Yangon

ဝက်လက်တွင် စစ်တပ် စီးနင်း မီးရှို့ ဖျက်ဆီးသောကြောင့် ကျောက်တိုင်ရွာမှ နေအိမ် ၁၀၀ ကျော် ပြာကျ၊ တန့်ဆည် ထန်းပင်ဆိပ်ရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျောက်တိုင်ရွာကို ဇွန်လ ၁ ရက်နေ့ ညနေပိုင်းနှင့် ဇွန်လ ၂ ရက် နံနက်ပိုင်းတို့တွင် မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကာ ကျေးရွာ အနောက်ခြမ်းရှိ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ခွေးတွေ ဝင်စီးပြီး မီးရှို့သွားတာ ကျေးရွာ အနောက်ခြမ်းက နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံ ပြည်သူဘတစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဒေသခံ ပြည်သူများသည် စားသောက်ကုန် ပစ္စည်းနှင့် အဝတ်အထည်များ လိုအပ် လျက်ရှိပြီး မိုးတွင်းကာလ ဖြစ်သောကြောင့် အမိုးအကာ ပစ္စည်းများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ထန်းပင်ဆိပ် ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ရွာလုံးကျွတ် မီးရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ထန်းပင်ဆိပ်ရွာကို ဇွန်လ ၂ ရက်နေ့က စတင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်ကာ ဇွန်လ ၃ ရက်နေ့တွင် ရွာလုံးကျွတ် မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေက ထန်းပင်ဆိပ်ရွာမှာရှိတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို အကုန် ခိုးယူပြီးမှ ရွာကို မီးရှို့ဖျက်ဆီးတာ ရွာလုံးကျွတ်ကို ရှို့တာ အိမ်ခြေ တော်တော်များလိမ့်မယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသောကြောင့် ပြည်သူပိုင်နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သော ကျောက်တိုင်ရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article