26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူက စစ်သည် နဲ့ အရာရှိ ၇ ဦး ထွက်ပြေး သွားပြီး ရေယာဉ်မှူး ဗိုလ်မှူး-သက်နောင်က ထွက်ပြေးသူ အရာရှိ နဲ့ စစ်သည်တွေရဲ့ လစာတွေကို ထုတ်စားနေတယ်လို့ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝန်းမှာ လုပ်ကိုင်နေတဲ့ အငှားဆိုင် ကယ်မောင်းသူတွေရဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၆ တပ်ရင်းက တပ်ဖွဲ့တွေဟာ သေနတ်တွေနဲ့ ချိန်ပြီး ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ သိမ်းယူ သွား တဲ့အပြင် ၊ ဆိုင်ကယ် ၁ စီးကို ငွေ ၇၀,၀၀၀ ကျပ် နဲ့ ပြန်လည် ရွေးယူခိုင်းနေတယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ကင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မေလ ၂၆ ရက် နဲ့ ၂၇ ရက်နေ့မှာ မီးရှို့ဖျက်ဆီး ခဲ့ပြီး ပြည်သူပိုင် နေအိမ် အလုံး ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
– ပဲခူးတိုင်း၊ တောင်ငူခရိုင်မှာ KNU တပ်မဟာ ၂ ကနေ စစ်ကောင်စီတပ်ရဲ့ စကခ ၂၀ မှူး ဗိုလ်မှူးချုပ်-ကိုကိုလွင် နဲ့ စစ်တပ်ကို သတိပေးချက် ထုတ်ပြန်လိုက်ပြီး KNU က အုပ်ချုပ်ရေး လုပ်ငန်းတွေ အပြည့်အဝ ဆောင်ရွက်မှာဖြစ်တယ်လို့ တရားဝင် ကြေညာချက်ထုတ်ပြန်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article