ရန်ကုန်၊ မတ် ၂၈
ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ပြီး ရေကြီးနိုင်သဖြင့် ငလျင်ဘေးနောက်ဆက်တွဲ ဘေးအန္တရာယ်များ၏ လွတ်ကင်းနိုင်ရန်အတွက် ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပါရန် ပညာရှင်များက သတိပေးပြောကြားသည်။
ငလျင်လှုပ်ပြီးချိန်တွင် မိမိနေထိုင်ရာနေရာမှ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီသိုလှောင်ကန်များကို စစ်ဆေးရမည်ဖြစ်ပြီး ပျက်စီးမှုရှိပါက ဖြတ်တောက်ခြင်း ပိတ်ထားခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။
ယင်းအပြင် ပေါက်ပြဲကာ လျှပ်စစ်စီးနေသော ၀ိုင်ယာကြိုးများကိုလည်း သတိထားရမည်ဖြစ်ပြီး ပင်လယ်အနီးသို့ သွားရောက်ခြင်း သွားရောက်ခြင်း မပြုကြဖို့ ငလျင်ပညာရှင်များက သတိပေးသည်။
ငလျင်လှုပ်ပြီးသော်လည်း ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်သည့်အတွက် ပင်လယ်ကမ်းခြေမှလူများ ကုန်းမြေအမြင့်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်သည်ဟုလည်း ငလျင်ပညာရှင်တစ်ဦးက သတိပေးသည်။
လက်ရှိပျက်စီးနေသော အဆောက်အအုံများနှင့် ဝေးရာတွင် နေထိုင်ရန် လိုအပ်ပြီး မိမိနေထိုင်သော အဆောက်အအုံ၏ ကြံ့ခိုင်မှုမှာ စိတ်မချရလျှင် စိတ်ချဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် ၁၈၃၉ ခုနှစ်က အင်းဝငလျင်၊ ၁၉၃၀ ပြည့်နှစ်က ပဲခူးငလျင်၊ ၁၉၅၆ ခုနှစ်က စစ်ကိုင်းငလျင် နှင့်၂၀၁၂ ခုနှစ်က ရွှေဘိုငလျင် စသည့်အင်အားပြင်းငလျင်များလှုပ်ခဲ့ဖူးပြီး ထိခိုက်အပျက်အစီးများခဲ့ပါတယ်။
၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အင်း၀ငလျင်(အမရပူရငလျင်) အဖြစ် ပြင်းအားအဆင့် ၉ (အပြင်းထန်ဆုံး) ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အိမ်များအားလုံး ပြိုကျပျက်စီးခဲ့ကာ လူပေါင်းများစွာ သေကြေခဲ့သည်။
၁၉၃၀ မေလ ၅ ရက်နေ့တွင် ပဲခူး ငလျင် (ဆွာငလျင်) လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၇.၃ နှင့် ၇.၅ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ယင်းကာလအပိုင်းအခြားတွင် အပြင်းထန်ဆုံး ပျက်စီးမှုအများဆုံး ငလျင်ကြီးဖြစ်ခဲ့သည်။ လူပေါင်း ၅ထောင်မှ ၇ထောင်အထိ သေဆုံးခဲ့သည်ဟုလည်း ခန့်မှန်းခဲ့ကြသည်။ ယင်းငလျင်ကြောင့် ပဲခူး ရွှေမော်ဓောဘုရားကြီးလည်း ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် လများတွင် များစွာသော လှုပ်ခတ်မှုများ ရှိခဲ့ပြီး စက်တင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်တွင် လှုပ်ခတ်မှုတစ်ခု ရှိခဲ့ကာ ဖဒိုရဲစခန်း၏ အုတ်နံရံကို ပျက်စီးစေခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိသည့် ငလျင်ကြီးတစ်ခု မြန်မာနိုင်ငံ ပုဂံဒေသတွင် လှုပ်ခတ်ခဲ့ပြီး ပုဂံဘုရားပေါင်းများစွာ ပြိုကျပျက်စီးသွားခဲ့ရသည်။
၂၀၁၁ မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နှင့် လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ အင်အားရစ်ချ်တာစကေး ၆.၈ လှုပ်ခတ်ပြီးနောက် ရစ်ချ်တာစကေး ၄.၈နှင့် ၅.၄ ရှိသည့် နောက်ဆက်တွဲငလျင် (၂) ခု လှုပ်ခတ်ခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့ကြောသည် ရွေ့လျားနေသည့် ပြတ်ရွေ့ကြောတစ်ခုဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံတစ်လျှောက် ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်ကို ဗဟိုပြုဖြန့်ကြက်တည်ရှိ၍ မြောက်ဘက် collision zone သို့ ချိတ်ဆက်ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကာ လှုပ်ရှားမှုအများဆုံးလည်း ဖြစ်ပြီး ပြတ်ရွေ့ကြောသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကဲ့သို့သော အဓိကမြို့ကြီးများကို နီးကပ်စွာဖြတ်သန်းရွေ့လျားလျက်ရှိသည်။
ပုံ- လူမှုကွန်ယက်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

