28 C
Yangon

ပခုက္ကူမြို့ အနောက်ဘက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် MA1 သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ပခုက္ကူမြို့ အနောက်ဘက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် MA1 သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ ပခုက္ကူမြို့ အနောက်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် MA1 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Burma Revolution Ragers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Demo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ အနောက်ဘက် အထွက်ရှိ တပ်မ ၁၀၁ ၊ ခမရ ၂၅၂ ၊ ၂၅၉ အနီး၌ စစ်ဆေးရေး ဂိတ်ဖွင့်ကာ အတင်းအဓမ္မ ဂိတ်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သားများကို Burma Revolution Rangers တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်စဉ် ဂိတ်တွင် လူမရှိသောကြောင့် MA1 အမျိုးအစား သေနတ် ၁ လက်ကို သိမ်းဆည်းကာ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“အဲဒီနေရာက တပ်နဲ့က ခြံစည်းရိုးလေးပဲခြားတာ သတင်းရထားတာက ၁၅ ယောက်အယောက် ၂၀ လောက်ရှိတယ်။ လက်နက်အင်အားကတော့ နည်းတယ်။ ဒရုန်းတွေလည်းရှိတယ် အဲလိုသတင်းရ ထားတာ ကျနော်တို့အခု လုပ်ထားတဲ့ ဒရုန်းကမ်ပိန်းကလည်း လက်မှတ် အစောင်ရေ ၃၀၀၀ လုပ် ထားတာ ၃၀၀ လောက်ပဲ ရောင်းရသေးတယ်။ ငလျင်လှုပ်တာတွေနဲ့ဆိုတော့ ပြည်သူတွေကိုလည်း အားနာလို့ ဒီဂိတ်မှာ ဒရုန်း တွေလည်းရှိတယ် သတင်းရထားလို့ မစ်ရှင်လုပ်တာ အခြေအနေကောင်းရင် ဒရုန်းပါရနိုင်လို့ အရဲစွန့်သွားပြီး မစ်ရှင်လုပ်တာ ဘန်ကာနားရောက်တော့ တစ်ယောက်မှလည်း မတွေ့ဘူး။ သူတို့နေတဲ့နေရာတွေ ဝင်ရှာတော့ ဘန်ကာတစ်ခုထဲကနေ MA1 တစ်လက်က ကျည်ဘောက်လည်း မပါဘူး၊ ထောင်ထားနဲ့ ယူပြီး ဆုတ်လာခဲ့လိုက်တာပါ” ဟု Burma Revolution Ragers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Demo က ပြောဆိုသည်။

ပခုက္ကူမြို့နယ်အတွင်း၌ စစ်တပ် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး လက်နက်ခဲယမ်း လိုအပ်မှုကြောင့် ခုခံတိုက်ခိုက်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ လက်နက်ကြီး‌ပြောင်း ဝယ်ယူပိုင်ဆိုင်ထားသော်လည်း လက်နက်ကြီးကျည် ဝယ်နိုင်ခြင်းမရှိသေးသောကြောင့် ပစ်ခတ်တိုက်ခိုက် နိုင်ခြင်းမရှိသေးကြောင်း၊ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း Burma Revolution Ragers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ Demo ကဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article