27 C
Yangon

ရန်ကုန်တွင် မင်းအောင်လှိုင်မိသားစု၏ အလှူအဖြစ် ရှင်လောင်း ၅၅၀၀ ရှင်ပြုပွဲ ပြုလုပ်ခဲ့ပြီး ရှင်လောင်း ၁ ဦးလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟုဆိုခဲ့သော်လည်း တစ်ပြားတစ်ချပ်မှ မရဟု မိဘများပြောဆို

Must read

ရန်ကုန်တွင် မင်းအောင်လှိုင်မိသားစု၏ အလှူအဖြစ် ရှင်လောင်း ၅၅၀၀ ရှင်ပြုပွဲ ပြုလုပ်ခဲ့ပြီး ရှင်လောင်း ၁ ဦးလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟုဆိုခဲ့သော်လည်း တစ်ပြားတစ်ချပ်မှ မရဟု မိဘများပြောဆို

ရန်ကုန်၊ ဧပြီ ၈

ရန်ကုန်တွင် မင်းအောင်လှိုင်မိသားစု၏ အလှူအဖြစ် ရှင်လောင်း ၅၅၀၀ ရှင်ပြုပွဲကို ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရှင်လောင်း ၁ ဦးလျှင် ငွေကျပ် ၁ သိန်းပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင် တစ်ပြားတစ်ချပ်မှ မပေးကြောင်း ရှင်လောင်းများ၏ မိဘတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီ၏ ဦးဆောင် စီမံခန့်ခွဲမှုဖြင့် မင်းအောင်လှိုင်မိသားစုအလှူအဖြစ် ရှင် လောင်း ၅၅၀၀ ရှင်ပြုပွဲကို ရန်ကုန်တွင် ပြု လုပ်ခဲ့ကြောင်း၊ ရှင်လောင်းများအဖြစ် ရန်ကုန်တိုင်းတစ်တိုင်းလုံးရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသားများကို မဲနှိုက်စေ၍ မဲပေါက်သော ကျောင်း သားများကို ကိုရင်အဖြစ် သင်္ကန်းစည်းပေးကြောင်း၊ သင်္ကန်းစည်းပေးရာတွင် သင်္ကန်းစည်းရန် ကုန်ကျစရိတ်အပြင် ရှင်လောင်း ၁ ဦးလျှင် ငွေကျပ် ၁ သိန်း ပေးမည်ဟု မင်းအောင်လှိုင် မိသားစု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ကိုယ့်စရိတ်ဖြင့် ကိုယ်သင်္ကန်းစည်းရသည့်အပြင် ငွေကျပ် ၁ သိန်းလည်း မရရှိကြောင်း ၊ အဆိုပါ ရှင်ပြုပွဲကို သဲဖြူ ဘုန်းကြီးက ဦးဆောင် အခါတော်ပေးကြောင်း သိရှိရသည်။

“ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ၂၅ ဦးကို မဲဖောက်ပြီး ရွေးတယ်။ ရှင်ပြု ပွဲအတွက် ။ အုပ်ကြီးတွေနဲ့ ကျောင်းအုပ်ကြီးတွေ ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ခေါ်တာ။ မဲပေါက်တဲ့ ရှင်လောင်း ကလေးမိသားစုတွေကို ရှင်ပြုစရိတ်အဖြစ် ကျပ်ငွေ ၁ သိန်းပေးမယ်။ သင်္ကန်းတွေ ဘာတွေကို ဝန်ကြီးချုပ်မိသားစု (မင်းအောင်လှိုင်မိသားစု)က အကုန်အကျခံပေးမယ်ပြောတယ်။ ဒါပေမယ့် ရှင်ပြုပွဲသာ ပြီးသွားတယ်။ ငွေ ၁ သိန်းလည်းမရဘူး။ ကိုယ့်ကလေးအတွက် သင်္ကန်းစရိတ်ကအစ ကိုယ့်ဟာကိုယ် အကုန်ဝယ်ရတယ်။ ကိုယ့်ပိုက်ဆံကိုယ်ပဲ သုံးရတယ်။ ငွေ ၁ သိန်း မရတဲ့အပြင် လမ်းစရိတ်ဆုံး လူပန်းဖြစ်သွားတယ်။” ဟု ရှင်လောင်းတစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်၍ လူသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော် လည်း မင်းအောင်လှိုင်မိသားစုက ဧပြီ ၂ ရက်နေ့ ရှင်လောင်း ၅၅၀၀ ရှင်ပြုပွဲ အလှူကို မဖျက်ဘဲ ရန်ကုန် တိုင်း စစ်ကောင်စီကို ဆက်လက် ကျင်းပစေခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီက ဦးစီးသော စုပေါင်းရှင်ပြုပွဲနှင့် လှည့်လည်ပွဲသို့ မြို့နယ်ထွေ/အုပ်များက တက်ရောက်ခဲ့ရပြီး ရွှေတိဂုံစေတီတော်တွင် လှည့်လည်ပွဲများကို လုံခြုံရေး တင်းကျပ်စွာဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ငလျင်ဒဏ်သင့်နေချိန် ရန်ကုန်တိုင်းစစ်ကောင်စီက ရှင်ပြုပွဲနှင့်ပတ် သက်၍ အဝေဖန်ခံရမည်စိုးရိမ်သောကြောင့် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article