Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကိုင်းတိုင်းက အင်းတော်မြို့ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး မြို့နယ်တစ်ခုလုံးကိုပါ ထိန်းချုပ်ထားလိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ်က တနိုင်းမြို့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ဗိုလ် ဝင်းမိုးကျော် ဆိုသူဟာ ပွဲချင်းပြီးသေသွားပြီး သူ့ရဲ့အလောင်းကိုတော့ မိဘတွေကပြန်မရပဲ ရှေ့တန်းမှာပဲ သဂြိုလ်လိုက်ကြတယ်လို့ သေသွားတဲ့ စစ်ဗိုလ်ရဲ့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ရဲ့ စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်တွေကို မဲနှိုက်ခိုင်းနေပြီး ငွေကြေးခြိမ်းခြောက်တောင်းယူမှုတွေ အကြီးအကျယ်ဖြစ်နေပြန်တယ်လို့ ငွေညှစ်ခံရတဲ့သူတွေကပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
