27 C
Yangon

ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကုန်းဖြစ်သည့် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေ

Must read

ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းကုန်းဖြစ်သည့် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေ

ရန်ကုန်၊ ဧပြီ ၈

ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ လက်ကျန် ၂၆၈ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ဖလမ်းမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်သည့် ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် လိုက်လံရှင်းလင်းလျက်ရှိရာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက မပြီးသေးဘူး။ အခြေအနေကို CB ကနေ ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့(CB) ၏ ပြော ရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ စစ်ကောင်စီ၏လက်ကျန်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုများရှိကြောင်း သိရသည်။

အဆိုပါ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အစပိုင်းတွင် ဖလမ်းမြို့မရဲစခန်း၊ ထွေ အုပ်ရုံးနှင့် မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခလရ ၂၆၈ တပ်ရင်းကို အပြီး သတ်သိမ်းပိုက်နိုင်ခြင်းမရှိပဲ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၄ လကျော်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article