လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာဖို့ရှိနေတဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေး ကျဆုံးရဲဘော်တွေ အောက်မေ့ဖွယ် အခမ်းအနားနဲ့ စစ်အတွင်း ထိခိုက်ခဲ့တဲ့ လားရှိုးနေအိမ်တွေ လျှော်ကြေးပေးတာတွေ ဆက်တိုက်လုပ်နေ
ရန်ကုန်၊ ဧပြီ ၈
လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာဖို့ရှိနေတဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေး ကျဆုံးရဲဘော်တွေ အောက်မေ့ဖွယ် အခမ်းအနားနဲ့ စစ်အတွင်း ထိခိုက်ခဲ့တဲ့ လားရှိုးနေအိမ်တွေ လျှော်ကြေးပေးတာတွေ ဆက်တိုက်လုပ်နေပါတယ်။
ဧပြီ ၂ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်းရေးအတွင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းရဲဘော်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဧပြီလ ၂ ရက်နေ့ ရန်လုံကျိုင်း သူရဲကောင်း ဗိမာန်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ MNDAA ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင် တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချတာ အလေးပြုတာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် ၁၀၂၇စစ်ဆင်ရေး ကာလမှာ ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုးကန့်တပ် MNDAA က တစ်အိမ်လျှင် သိန်း ၅၀ ထောက်ပံ့ ပေးခဲ့တယ်လို့ လားရှိုးမြို ပြန်လည်ထူထောင်ရေး အဖွဲ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲ ကာလမှာ ပျက်စီးခဲ့တဲ့ နေအိမ်တွေအတွက် MNDAA ရဲ့ အထူးဒေသ ၁ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက ထောက်ပံ့ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလမှာ ပျက်စီးသွားတဲ့နေအိမ်ပေါင်း ၃၀၉ ခုအတွက် သိန် ပေါင်း ၁,၅၄၅,၀၀၀,၀၀၀ ကျပ် ထောက်ပံ့ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။
နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့ပေမယ့် အလုံးစုံ ပျက်စီးသွားတဲ့ နေအိမ်တွေကို ထောက်ပံ့ကြေး ပေးအပ်မှာဖြစ်တယ်လို့ MNDAA တာဝန်ရှိသူတွေကဆိုပါတယ်။
နေအိမ် မူလပိုင်ရှင်တွေကို တစ်အိမ်ထောင်လျှင် သိန်း ၅၀ ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး ထောက်ပံ့ကြေးပေးမယ့်စာရင်းမှာပါဝင်ပြီး အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင် အုပ်ချုပ်ရေးမှူး၊နယ်မြေမှူးတွေ ထောက်ခံချက်နဲ့ ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။
အခုပေးအပ်တဲ့ငွေကျပ် သိန်းငါးဆယ်မှာပမာဏမများသော်လည်း အိမ်ထောင်စုတစ်ခုအတွက်ယာယီလုံလောက်နိုင်မယ်လို့ ယူဆတယ်လို့လည်း MNDAA တာဝန်ရှိသူတွေကဆိုပါတယ်။



