26 C
Yangon

စလင်း တောင်ဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံး မီးလောင်ပြာကျ၊ မီးရှို့နေသည့် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

စလင်း တောင်ဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇ လုံး မီးလောင်ပြာကျ၊ မီးရှို့နေသည့် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စလင်းမြို့နယ်၊ တောင်ဘိုရွာကို အကြမ်းဖက် စစ်တပ်က ၄ နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၇ လုံးနှင့် စပါးကျီ နွားတင်းကုပ် ၄ လုံး စုစုပေါင်း အဆောက်အဦး ၂၁ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

“စလင်းမြို့နယ်၊ တောင်ဘိုရွာကို စစ်ခွေး စစ်ကြောင်းက ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နေအိမ် ၁၇ လုံး နဲ့ စပါးကျီ နွားတင်းကုပ် ၄ လုံး ပျက်စီးခဲ့တယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တောင်ဘိုရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်တပ်ဘက်မှ အားလုံး ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article