27 C
Yangon

မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံး

Must read

မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသမီး ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ကျေးရွာအနီးကို တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပါ။ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article