ဒီကနေ့ ဧပြီ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ စည်ကားမှုမရှိဘဲ ခြောက်ကပ်နေလို့ဆိုပြီး လူစည်ကားအောင် ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်း နဲ့ မိသားစုတွေကို သွားရောက်လည်ပတ်ကြဖို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေက ဖိအားပေးနေပြန်တယ်လို့ နေပြည်တော် ဝန်ထမ်းမိသားစုဝင် တချို့က ရန်ကုန်ခေတ်သစ်ကို အသိပေးပြောဆိုလာပါတယ်။
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ လာမယ့် ဧပြီလ ၁၇ ရက်နေ့ မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီလို တွေ့ဆုံမှုဟာ ငလျင်ဘေးနဲ့ ပတ်သက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေး အဓိက ဖြစ်ပြီး စစ်ကောင်စီကို အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးဖို့ ထပ်မံ တွန်းအားပေးသွားမှာ ဖြစ်တယ်” လို့လည်း မလေးရှား ဝန်ကြီးချုပ် အန်နဝါက ပြောဆိုလိုက်ပြန်ပါတယ်။
- မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေရာမှာ သင်္ကြန်အကျနေ့ ဖြစ်တဲ့ ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာပဲ ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လေကြောင်းကနေ အကြီးအကျယ် ဗုံးကျဲတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
