26 C
Yangon

ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်

Must read

ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်

ရန်ကုန်၊ ဧပြီ ၁၅

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha က သတင်းထုတ် ပြန်သည်။

ဧပြီလ ၁၃ ရက်နေ့ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ ဗျူဟာတွင် တာဝန်ကျနေသော ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက် ၊ MA11 အမျိုးအစား သေနတ် ၁ လက်တို့ နှင့်အတူ Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ခဲ့သည့် ပြည်သူ့စစ် ၃ ဦးကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆို၍ ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့် နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုပဲ ပြည်သူ့ရင်ခွင်သို့ ဘက် ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံ သည့်နေရာ ရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article