ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေဟာ နိုင်ငံရဲ့ ၄ ပုံ ၁ ပုံ တောင်မရှိတော့ တဲ့အတွက် အခု ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူဖို့ အားလုံးအတူတကွ ကြိုးစားကြရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က သူတို့ကိုယ်တိုင် အပစ်ရပ်ထားပါတယ်ပြောပြီး တစ်ဖက်မှာတော့ သင်္ကြန်ကာလထဲမှာတောင် အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာပြန်တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက ကြေညာထားတဲ့အတိုင်း ထိုးစစ်မလုပ်ပဲ ခံစစ်အနေနဲ့သာ ခုခံတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းကတော့အသီးသီး သေကုန် ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေပါတော်တော်များပြီး အထိနာသွားကြပြန်တယ်လို့ အထက်မင်းလှ မြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အချိန် ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲပိုင်းမှာပဲ မန္တလေးမြို့ကို ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်သွားပြီး အဲဒီငလျင်ဒဏ်ကို မန္တလေး၊ စစ်ကိုင်းမြို့နဲ့ ပြင်ဦးလွင်မြို့တွေမှာပါ သိသိသာသာ ခံစားလိုက်ရတဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
