30 C
Yangon

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ

Must read

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ

ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို မိတ္ထီလာ ရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မိတ္ထီလာ ရှမ်းတဲက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လိပ်ကျကျေးရွာကို ဗုံးကျဲတိုက်ခိုက်သွားတာ ပြည်သူ ၁၃ ဦး သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူက ၃ ဦး ရှိတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း မီးတိုင်များ ပျက်စီးမှုရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲချသော နေရာများမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article