28.5 C
Yangon

KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်

Must read

KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့မှစတင်၍ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်အပိုင် မော်ဖားသူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်ကုန်းကို KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ များက တိုက်ခိုက် နေသည့် တိုက်ပွဲ ဖြစ်စဉ်ကြောင့် ဒေသမှ ပြည်သူများ ထိုင်းနိုင်ငံဘက် အခြမ်းက မယ်လမတ် မြို့ နယ် ဟွိုင်ပလာကောင် ထိုင်းကျေးရွာ ဘက်သို့ တိမ်းရှောင်လာကြောင်း၊ စစ်ဘေးရှောင် အရေ အတွက် ၂၁၅ ဦးရှိပြီး ထိုင်းအာဏာပိုင်များက စောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။

” အခုတိုက်ပွဲဖြစ်နေတဲ့ မောဖားသူရွာက မြဝတီမြို့နယ် ကုက္ကိုလ် ကျေးနယ်အုပ်စုဝင်ရွာပေါ့။ KNU တပ်မဟာ၇ ဂွင်ပေါ့၊ ထိုင်း-မြန်မာ နယ်ခြားမျဥ်း ၂ ကီလိုမီတာအကွာပဲ ဝေးတယ် လေ ၊ ထိုင်းစစ်တပ်က အသင့် စောင့်ကင်းပတ် နေတယ်။ မော်ဖားသူးစခန်း တိုက် နေကြတော့ ရွာသား တွေမှာ ကျား ၃၉ မ ၇၂ ကလေးအရေအတွက်က ကျား ၅၃ ၊ နောက် ထပ်စာရင်းက မ ၅၁ ယောက်စုစုပေါင်း ၂၁၅ ဦးထွက်ပြေးလာ တော့ တာခ့် စစ်တပ် ဗျုဟာမှုးနဲ့ လူမှုကယ်ဆယ် ရေး တွေက မောက္ခလာဂူ ဂိတ်ဘက်က နေ ဟွေ ပလာကွန် ရွာဘက် နေရာ ရွေ့ပြီး အဲ့ဒီမှာ နေရာချထားပြီး စောင့်ရှောက်ထားတယ် ” ဟု ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိအချိန်အထိ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အသာစီးရရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article