30 C
Yangon

ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေ ကျောက်ကြီး နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၆ မိနစ်အချိန် KNU−လယ်ဒို မြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးကို ရေတွင်းကုန်းကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် စောမျိုးသန့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး၊ ဆိုင် ကယ် ၂ စီးနှင့် ထော်လာဂျီ ၁ စီးတို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီလေတပ်က ဂျက်ဖိုက် တာ တစ်စီးဖြင့် နိုဂေါ်ကျေးရွာဘေးအတွင်းသို့ ဗုံးကျဲ ပစ်ခတ်ခဲ့ရာ ဝက်တစ်ကောင်သေဆုံးပြီး နွား ၂ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကလည်း ကေအဲန်ယူ−မူးမြို့နယ်တွင်းရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခမရ−၃၅၁ တပ်ရင်းက ထွနီကုန်းကျေးရွာထဲသို့ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ခလယ်လွီထူခရိုင် အတွင်းနေ အပြစ်မဲ့အရပ်သား ပြည်သူပိုင်ပစ္စည်းများနှင့်နေအိမ်များ များစွာထိခိုက်ပျက်စီးဆုံးရှုံးနေရ ပြီး ပြည်သူလူထုများအနေဖြင့်လည်း စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် အသက်ရှင် နေထိုင် နေကြရ ကြောင်း KNU ဗဟို ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article