25.8 C
Yangon

NUG Bond for Chin အတွက် အရောင်းကိုယ်စားလှယ်များ လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဇွန် ၈

ချင်းပြည်နယ်အတွက် နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ ရောင်းချပေးရန် အရောင်းကိုယ်စားလှယ်လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း NUG Bond for Chin ၏ အလုပ်အဖွဲ့ Chin Relief Funding Program – CRFP က ထုတ်ပြန်သည်။

အရောင်းကိုယ်စားလှယ်အဖြစ် နိုင်ငံအသီးသီးရှိ အဖွဲ့အစည်း Agent လျှောက်လွှာအဖြစ် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

NUG Bond for Chin ရောင်းရငွေ အားလုံးသည် ချင်းပြည်အတွက် အသုံးပြုမှာဖြစ်ပြီး များများရောင်းနိုင်ပါက လက်ရှိ ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများအတွက် လိုအပ်သော ဘဏ္ဍငွေများစွာကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း CRFP က ဆိုသည်။

၁။ ငွေတိုက်စာချုပ်ဝယ်သူများထံမှ ပေးသွင်းသည့် ရောင်းရငွေများကို လက်ခံယူရပါမည်။
၂။ ငွေတိုက်စာချုပ်ဝယ်သူများထံမှ ပေးသွင်းသည့် ငွေများကို မိမိတို့ ဘဏ်အကောင့်ကို အသုံးပြု၍လက်ခံထိန်းသိမ်းထားရမည်။
၃။ ငွေလက်ခံရရှိပြီးနောက် ငွေတိုက်စာချုပ်ဝယ်သူများထံသို့ Agent Order ID နှင့် Bond Order ပြေစာများ ထုတ်ပေးရပါမည်။
၄။ ငွေတိုက်စာချုပ်ရောင်းရငွေစာရင်းများ၊ ငွေပေးချေမှုအထာက်အထားများနှင့် ရောင်းရငွေများကို CRFP ထံသို့ အပ်နှံရမည်။
၅။ CRFP မှ တစ်ပတ်တစ်ကြိမ် ကျင်းပသည့် ပုံမှန်အစည်းအဝေးများကို တက်ရောက်နိုင်ရမည်။
ဟု အရောင်းကိုယ်စားလှယ်များ လိုက်နာရမည့် သတ်မှတ်ချက် ၅ ခုကို ထုတ်ပြန်ထားသည်။

အောက်ပါ လင့်ခ် တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း CRFP က ထုတ်ပြန်ထားသည်။
https://crfp.space/…/21/chin-bond-nug-agent-application/

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article