29 C
Yangon

Khit Thit သတင်းဌာန၏ ဇွန်၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– မွန်ပြည်နယ်၊ သထုံခရိုင် KNU တပ်မဟာ ၁ နယ်မြေမှာ ခုခံစစ် -အဆင့် လွန်မြောက်ပြီး ဗျူဟာမြောက် တိုက်စစ်တွေ ဖော်ဆောင်တော့မှာ ဖြစ်တယ်လို့ KNU တပ်မဟာ ၁ ဦးဆောင်တဲ့ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်မှု ကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
– အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၂၀၄ သန်းနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူထားတဲ့ ရုရှားနိုင်ငံလုပ် SU-30 -SME စစ် တိုက်လေယာဉ် ၆ စီး ဟာ ၂၀၂၂ ခုနှစ် မတ်လမှာ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး အဲ့ဒီ့ လေယာဉ်တွေကို လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ လျှို့ဝှက်ထား ရှိထားတယ်လို့ စစ်တပ် သတင်းရင်းမြစ်တွေ ပြောပါတယ်။
– စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇွန် လ ၈ ရက်နေ့ ၊ နေ့လည်ပိုင်းက စပြီး မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မ-ကောက် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်တွေက ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးတဲ့အပြင် ၊ စက်သေနတ် ၁ လက်ပါ ရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article