27 C
Yangon

မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ်

Must read

မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ်

ရန်ကုန်၊ ဧပြီ ၂၄

မြန်မာနိုင်ငံတွင် ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း ရုရှားက နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ပေးရေး အစီအစဉ်ကို နောက်မဆုတ်ဘဲ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဆိုသည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအားမြင့် ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးကြောင့် လူဦးရေ ၄၀၀၀ နီးပါး သေဆုံးပြီး အပျက်အစီးများခဲ့သော်လည်း နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ထိပ်ပိုင်းအချင်းချင်း အသေးစား နျူကလီးယား စက်ရုံ တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါသဘောတူညီချက်တွင် ရုရှားနိုင်ငံပိုင်နျူကလီးယားကော်ပိုရေးရှင်း Rosatom က ၅၅ မဂ္ဂါဝပ် ဓာတ်ပေါင်းဖိုနှစ်ခုပါဝင်သော ဓာတ်အား ၁၁၀ မဂ္ဂါဝပ်ထုတ်နိုင်သည့် နူကလီးယားဓာတ်အားပေးစက်ရုံ Small Modular Reactor (SMR) တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ငလျင်ကြောင့် နူကလီးစား စက်ရုံ တည်ဆောက်ရေး အစီအစဉ် မထိခိုက်ကြောင်း သိရှိရသည်။

ရုရှား Rosatom က မြန်မာနိုင်ငံတွင် တည်ဆောက်မည့် နူကလီးယားဓာတ်အားပေးစက်ရုံ၏ တည်နေရာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ပြင်ဆင်မှုများစွာလုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံက ရုရှားကျောထောက်နောက်ခံပြုထားသော နူကလီးယားစွမ်းအင်စီမံကိန်းအတွက် ဘဏ္ဍာ ငွေရှာဖွေရန် လုပ်ဆောင်လျက်ရှိ​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article