32 C
Yangon

ရေစကြိုနှင့် ကလေး၀ မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရေစကြိုနှင့် ကလေး၀ မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်တွင် ဆင်မရဲကျေးရွာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဆင်မရဲကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဒေါ်ဆန်းမြင့်ကြည်နှင့် ဆင်မရဲ ကျေးရွာ အနောက်တောင်ဘက်တွင် နေထိုင်သော လေးယာပြည့်ကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင်တို့ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

” ရေစကြို၊ ဆင်မရဲကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ထိမှန်သေဆုံးသူက အသက် ၆၈ နှစ်အရွယ် ဒေါ် ဆန်းမြင့်ကြည်နဲ့ ဆင်မရဲ့ကျေးရွာ အနောက်တောင်ဘက်မှာရှိတဲ လေးယာပြည့် ကျေးရွာက ပြည်သူတစ်ဦး ထိတ်လန့်ပြီး သွေးတိုး နဲ့ သေဆုံးတယ်။ သွေးတိုးပြီး သေဆုံးသူက အသက် ၄၃ နှစ်အရွယ် ကိုညိုလင်းအောင်ပါ” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်ကျေးရွာနှင့် မင်းကင်းမြို့နယ်၊ ကမ်းပြည့် (ကဗျက်) ကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၂၄ ရက်နေ့တွင် ကလေးဝမြို့နယ်၊ မစိန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရွှေမျောလုပ်ငန်း လုပ်ကိုင်နေသူ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော မစိန် ကျေးရွာသည် စစ်ကောင်စီ တပ်သားများ စိုးမိုးထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့နယ်၊ ကမ်းပြည့် (ကဗျက်) ကျေးရွာကိုလည်း Y12 လေယာဉ်ဖြင့် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်၊ ပျက်စီးမှု အခြေအနေအသေး စိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article