34 C
Yangon

စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေး

Must read

စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေး

🟥အထိနာသွားသော စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အင်အား ၅၀ ပါ တပ်မ ၃၃ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ဖရိုဖရဲဖြစ်ထွက်ပြေးသွားကြောင်း စစ်ကိုင်းမြို့နယ်အတွင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်း မင်းကွန်းနှင့် ပဒူကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းများစွာခွဲ၍ စစ်ကိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်နေကြောင်း၊ ဧပြီလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်း တစ်နေရာတွင် အင်အား ၅၀ ပါ စစ်တပ်စစ်ကြောင်းကို စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်အထိ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ကိုင်းမြို့နယ်ထဲကို စစ်ကြောင်းတွေ ခွဲပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ကို ဝင်လာနေတယ်။ မြေပြင် အခြေအနက စစ်ရေးအရ အတော်ကို တင်းမာနေတယ်။ ဧပြီလ ၂၅ ရက်နေ့ တိုက်ပွဲမှာ စစ်တပ်က စစ်ကြောင်းပြုတ်အောင် ကျနော်တို့ တိုက်ခိုက်နိုင်ပေမယ့် လက်ရှိမှာ စခတွေက အင်အားထပ်တိုးပြီး ချီတက်နေလို့ အရမ်းသတိထားနေရတယ်။ စစ်တပ်က စစ်ကြောင်းတွေခွဲပြီးတော့ကို စစ်ကိုင်းထဲကို ဖြန့်ထိုးနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကိုင်းမြို့နယ် တစ်နေရာတွင် စစ်ကြောင်းပြုတ်အောင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သော စစ်တပ်စစ်ကြောင်းမှာ တပ်မ ၃၃ စစ်ကြောင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးထက်မနည်းသေဆုံးကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း၊ စစ်ကြောင်းမှာ အင်အား ၅၀ ခန့်ပါပြီး တချို့မှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

“အခြေအနေတွေ တည်ငြိမ်ရင်တော့ သက်ဆိုင်ရာက ဖြစ်ကြောင်းကုန်စင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုကတော့ နေရာအတိအကျရေးတာမျိုးတွေ တတ်နိုင်ရင်တော့ ထိန်းထိန်းသိမ်းသိမ်း လုပ်စေချင်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၃၃ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရာတွင် ဒေသ တော်လှန်ရေး တပ်ပေါင်းစုံက စုပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာLPDF များပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article