27 C
Yangon

မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်း နေပြည် တော် မပြန်ဘဲ တောင်အာဖရိကနိုင်ငံမှ ထွက်ပြေး၊ စစ်တပ်အရာရှိဟောင်းက စစ်ကောင်စီကို မယုံကြည်၍ ထွက်ပြေးခြင်းဖြစ်ပြီး သတင်းမပေါက်ကြားရန် အုပ်ထား

Must read

ရန်ကုန်၊ ဇွန် ၉

တောင်အာဖရိကနိုင်ငံမှ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်း မြန်မာစီးပွားရေးသံမှူးကျော်ဆန်းသည် တာဝန်ပြီးဆုံးချိန် နေပြည်တော်သို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူရာတွင် မပြန်တော့ဘဲ ထွက်ပြေးသွားကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီးပွားရေးသံမှူးများကို နိုင်ငံတကာသို့ စေလွှတ်လျက်ရှိရာ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ် ဒုညွှန်ကြားရေးမှူး ကျော်ဆန်းသည် တောင်အာဖရိကနိုင်ငံတွင် စီးပွားရေးသံမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ ၃ နှစ်ပြည့်ချိန်တွင် နေပြည်တော်သို့ ပြန်လည် ခေါ်ယူသောအခါ မပြန်တော့ဘဲ ထွက်ပြေး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့လက်ပါးစေ မိုးကျရွှေကိုယ်၊ စီးပွားရေးသံမှူးရဲ့ လုပ်ရပ်ကြောင့် စစ်ကောင်စီကို ထပ်မံအရှက်ရစေခဲ့ပါတယ်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက စီးပွားရေးသံမှူးတွေကို ၃နှစ်တစ်ကြိမ် တာဝန်ထမ်းဆောင်ဖို့ နိုင်ငံတော်တော်များများကို စေလွှတ်လျက်ရှိပါတယ်။ အခု ၃နှစ်ပြည့်လို့ မြန် မာနိုင်ငံကိုပြန်ပီး မူလတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရဖို့ ပြန်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အဲဒီမှာ တောင်အာဖရိကနိုင်ငံမှာ စီးပွားရေးသံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်ဆန်း ဆိုသူဟာ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခြင်းမရှိဘူး။ ကျော်ဆန်းက စစ်ဗိုလ်ဟောင်း ဌာနမိုးကျရွှေကိုယ် အရာရှိဖြစ်ပါတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအနေဖြင့် အသစ်ထပ်မံစေလွှတ်မည့် စီးပွားရေးသံမှူးများကို ရွေး ချယ်ရာတွင် အရည်အချင်းရှိသည်ဖြစ်စေ၊ အရည်အချင်းမရှိသည်ဖြစ်စေ စစ်အာဏာရှင်ကို ကျိုးနွံမည့် လက်ပါးစေ စစ်ဗိုလ်ဟောင်း မိုးကျရွှေကိုယ် အရာရှိများကိုသာ ရွေးချယ်စေလွှတ်ရန် စီမံနေချိန်တွင် ယင်းကဲ့သို့ ထွက်ပြေးမှု ဖြစ် ပွားခြင်းဖြစ်သည်။

“စစ်တပ်ထဲက လူက စစ်တပ်ကို မယုံကြည်လို့ လုပ်သွားတာဆိုတော့ ဒီသတင်းကို အုပ်ထားပုံလည်းရပါတယ်၊ စစ်တပ်က ဒီအချိန်မှာ အရှက်ရစရာတွေများနေတာဆိုတော့ စီးပွားရေးသံမှူးအနေနဲ့ နောက်ထပ်ကိုယ်စားပြုလွှတ်မယ့် မိုးကျရွှေကိုယ်တွေအတွက်ပါ စစ်အာဏာရှင်က မျက်ခုံးလှုပ်နေပြီး။ နိုင်ငံတကာသံရုံးတွေမှာ CDMကိစ္စ ငြိမ်သွားပြီးမှ အခုအရပ်သားဝန်ထမ်းကမဟုတ်ဘဲ မိုးကျရွှေကိုယ်က စစ်တပ်ကို အာခံတာဆိုတော့ အာဏာရှင်ရဲ့အရှိုက်ကို ထိစေတာအမှန်ပဲ” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- နေပြည်တော်မှ ၂၀၂၁ ခုနှစ် စီးပွားရေးသံမှူးသင်တန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article