Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ပဲခူးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက် အာရက္ခတပ်တော် AA ဟာ နယ်မြေခံ PDF တပ်တွေနဲ့ပါ ထပ်မံ ချိတ်ဆက်မိသွားပြီး စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်နေပြီလို့ ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မန္တလေးမြို့မှာ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေး ဆိုသူကို အိမ်ခြံမြေ လိုက်လံပြသမယ်ဆိုပြီး ရိုက်နှက်သတ်ဖြတ်ပြီးတော့ လက်ဝတ်လက်စား နဲ့ ပိုင်ဆိုင်မှုတွေကို လုယက်သွားကြတယ်လို့ မန္တလေးမြို့ခံ တချို့ရဲ့ ပြောဆိုချက်နဲ့ ဆွေမျိုးတစ်ဦးရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံက စမုစခွန်မှာ မြန်မာတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ၊ လက်နက်နဲ့ မူးယစ်ဆေးပြားတွေပါ ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
