26 C
Yangon

ပျော်ဘွယ်၊ ပေပင်ရှည်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၁၉ နှစ်အရွယ် မောင်ချစ်ဇော်လတ်သေဆုံး၊ တောင်သာ၊ တောင်ခမောက်ရွာတွင် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု နေအိမ်များ ပျက်စီး

Must read

ပျော်ဘွယ်၊ ပေပင်ရှည်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၁၉ နှစ်အရွယ် မောင်ချစ်ဇော်လတ်သေဆုံး၊ တောင်သာ၊ တောင်ခမောက်ရွာတွင် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲမှု နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချရာ အသက် ၁၉ နှစ်အရွယ် မောင်ချစ်ဇော်လတ်သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာရှိ နေအိမ်တွင် အသက် ၁၉ နှစ်အရွယ် မောင်ချစ်ဇော်လတ်သည် ထင်းခွဲနေစဉ် စစ်တပ်က ဒရုန်းဖြင့် ကျေးရွာကို လာရောက် ဗုံးကျဲချကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် မောင်ချစ်ဇော်လတ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ ဖခင်ဖြစ်သူ ဦးတင်မောင်မှာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မောင်ချစ်ဇော်လတ်က နေအိမ်တွင် ထင်းခွဲနေတုန်း စစ်တပ်ရဲ့ ဒရုန်းက ရွာထဲကိုပစ်ချတယ်။ ဗုံးသီးက မောင်ချစ်ဇော်လတ်၏ရှေ့တည့်တည့် ၄ ပေအကွာတွင်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကောင်လေးက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးတယ်။ မောင်ချစ်ဇော်လတ်ရဲ့ အဖေ ဦးတင်မောင်ကတော့ ရေနွေးကြမ်းသောက်နေတုန်း ဒရုန်းဗုံးအစထိမှန်ပြီးတော့ လက်ကောက်ဝတ်သွေးကြောပေါက်ဒဏ်ရာရတယ်။ အခုတော့ ဆေးကုထားလို့ မစိုးရိမ်ရတော့ဘူး” ဟု အဆိုပါကျေးရွာမှ စစ်ဘေးရှောင် ပြည်သူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် လာရောက် ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဝဲလောက်အနောက်ဘက် တောင်ခမောက်ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် PDF တပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်က အထိနာသွားသဖြင့် တောင်ခမောက်ကျေးရွာကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်အများအပြား မီးလောင်သွားကြောင်း သိရှိရသည်။

” စစ်ကောင်စီက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ PDF နဲ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှလြည်း စစ်တပ်က အထိနာလို့ လေယာဉ်နဲ့စစ်ကူ ပစ်ခတ်ပေးတယ်။ အဲဒီမှာ တောင်ခမောက်ရွာမှာရှိတဲ့ နေအိမ်တွေ တော်တော်များများ မီးလောင်သွားတယ်။ နောက်ပြီး တောင်ခမောက်ရွာဘေးမှာရှိတဲ့ ထောက်ရှာ၊ တံတားရွာတွေဆိုရင်လည်း မနေ့ညကတည်းက အခုအချိန်အထိ လေယာဉ်တွေနဲ့ ဗုံးတွေ ဆက်တိုက်အကျဲခံနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article